0

ခန့်မှန်းထားသည်ထက် ဝင်ငွေပိုရခဲ့သောကြောင့် IBM ရှယ်ယာဈေးခုန်တက်

Share

Wall Street ကကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် အစိုးရိမ်လွန်နေခဲ့သော်လည်း IBM ၏ ဒုတိယ quarter ဝင်ငွေရလဒ် ကြေညာပြီးနောက်တွင် IBM ၏ရှယ်ယာများသည် နာရီပိုင်းအတွင်း ၆% ခုန်တက်သွားခဲ့သည်။

မနှစ်က ယခုလိုအချိန်ထက် အမြတ် ၃၁% ကျဆင်းခဲ့သော်လည်း ကုမ္ပဏီက ရှယ်ယာတစောင်လျှင်၂.၁၈ ဒေါ်လာ ဝင်ငွေရရှိပြီး ဂျွန် ၃၀ ရက်နေ့ထိ ၃ လအတွင်း ဒေါ်လာ ၁၈.၁ ဘီလျံ ဝင်ငွေရရှိကြောင်း ကြေညာခဲ့သည်။ Wall Street analysts များက ရှယ်ယာ တစောင်အပေါ် ၂.၀၇ ဒေါ်လာအမြတ်ရရှိပြီး ဝင်ငွေဒေါ်လာ ၁၇.၇ ဘီလျံသာရရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။

Cloud computing က IBM အတွက်အရေးအပါဆုံးဖြစ်ခဲ့ပြီး cloud နှင့် cognitive software အပိုင်းမှ ရောင်းအား ၃% မြင့်တက်ကာ ဝင်ငွေ ၃၀% ပိုမိုရရှိခဲ့သည်။

အဆိုပါရလဒ်အကြောင်းကြေညာပြီးနောက် IBM ၏ရှယ်ယာများလည်း ၄% ခန့်ခုန်တက်သွားခဲ့သည်။

ထုတ်ပြန်ချက်တွင် CEO ဖြစ်သူ Arvind Krishna က IBM ၏ financial performance ကိုထုတ်ဖော်ပြခဲ့သည်။ Krishna သည် IBM ၏ cloud business ကိုမောင်းနှင်ခဲ့သူလည်းဖြစ်သည်။ ကမ္ဘာတလွှားက clients များအတွက် ပိုမိုဖန်တီးမှုအားကောင်းသော တီထွင်ဖန်တီးမှုများ ဆက်လက်ပြုလုပ်သွားမည့်အကြောင်းလည်း ပြောကြားသွားခဲ့သည်။

ကပ်ရောဂါကြီးသည် နည်းပညာကုမ္ပဏီများအတွက် အဆိုးရော အကောင်းပါ ရောနှောပေးစွမ်းခဲ့သည်။ တဖက်တွင် စီးပွားရေးလုပ်ငန်းများက နည်းပညာအပေါ်ယခင်ကထက် ပိုမိုမှီခိုအားထား၍ ပြောင်းလဲမှုများပြုလုပ်နေစဉ် အခြားတဖက်တွင်လည်း အချို့စီးပွားရေးလုပ်ငန်းများမှာ ကပ်ရောဂါကြောင့် ရောင်းအားထိုးကျခဲ့သည့်အတွက် နည်းပညာဝန်ဆောင်မှုများအပေါ် ငွေကြေးသုံးစွဲမှုများ လျှော့ချလာခဲ့လေသည်။

Source: CNN Business
Photo: Metro US
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: