အမေရိကန်လျှပ်စစ်ကားဈေးကွက်တွင် ဟွန်ဒိုင်းက GM ကိုကျော်တက်

Share

Motor Intelligence က ထုတ်ပြန်သော ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ၆ လစာ အမေရိကန်ပြည်ထောင်စုလျှပ်စစ်ကားဈေးကွက်တွင် အီလွန်မက်စ်၏ Tesla က အစီးရေ ၃၃၆,၈၉၂ စီး ဖြင့် ဦးဆောင်နေပြီး အခြားကမ္ဘာကျော် ကားအမှတ်တံဆိပ်များလည်း အဆိုပါ Report တွင် ပါဝင်ခဲ့သည်။

အာရှကားလုပ်ငန်းဖြစ်သော တောင်ကိုးရီးယား၏ Hyundai က ပထမ ၆ လ တွင် အစီးရေ ၃၈,၄၅၇ ဖြင့် ဒုတိယနေရာမှ ဦးဆောင်ခဲ့ပြီး ယခင်နှစ်ကာလတူ အခြေအနေထက် ၁၁% တိုးတက်ခဲ့သည်။ ဟွန်ဒိုင်းလျှပ်စစ်ကားများ၏ ရောင်းချရမှုတွင် ၎င်းတို့ပိုင်ဆိုင်သည့် တောင်ကိုးရီးယားအမှတ်တံဆိပ် ၁ ခု ဖြစ်သော KIA လျှပ်စစ်ကားများကို ထည့်သွင်းရေတွက်ထားခြင်းလည်း ဖြစ်သည်။

အမေရိကန်ကားလုပ်ငန်းဖြစ်သော General Motors သည် ပြီးခဲ့သည့် နှစ် ပထမနှစ်ဝက် အရောင်းတွင် အစီးရေ ၇,၈၂၀ သာ ရောင်းချခဲ့ရသော်လည်း ယခုနှစ် ပထမ ၆ လ တွင် အစီးရေ ၃၆,၃၂၂ အထိ တိုးတက်ရောင်းချနိုင်ခဲ့ပြီး ရာနှုန်းအားဖြင့် ၃၆၅% အထိ တိုးတက်ခဲ့သည်။
သို့သော်လည်း US ကားလုပ်ငန်းသည် တောင်ကိုးရီးယားအမှတ်တံဆိပ်နောက် တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
GM ၏ လျှပ်စစ်ကားများတွင် GMC Hummer, Cadillac Lyriq တို့ ဈေးကွက်အတွင်း အလျင်အမြန် ထုတ်လုပ်ရောင်းချခြင်း မရှိသောကြောင့် ဝေဖန်ခံနေရပြီး ပြီးခဲ့သည့် ၆ လအတွင်း အရောင်းပိုင်း တိုးတက်စေခဲ့သည့် ကားများမှာ Chevrolet Botl မော်ဒယ်များ ဖြစ်သည်ဟု သိရသည်။

အမေရိကန်ဈေးကွက်တွင် နံပါတ် ၄ နေရာကို ဥရောပမှ Volkswagen က ရယူနိုင်ခဲ့ပြီး အစီးရေ ၂၆,၅၃၈ စီး ရောင်းချနိုင်ခဲ့ကာ ၁၁၄% အရောင်းပိုင်းတိုးတက်ခဲ့သည်။

နာမည်ကျော် Ford ကားကုမ္ပဏီမှာ ၎င်းတို့ပြည်တွင်းဈေးကွက်အတွက် အစီးရေ ၂၅,၇၀၉ ရောင်းချနိုင်ခဲ့ပြီး ထိပ်ဆုံး ၅ နေရာထဲ ပါဝင်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Motor Intelligence, Kia Delray
Image: Hyundai

%d bloggers like this: