0

UK ရှိ Hotel Chains ကြီးများက ဟိုတယ်များကို ယာယီဆေးရုံများအဖြစ်ပြောင်းလဲပေးနေ။

Share

ကိုရိုနာဗိုင်းရပ်စ် သံသယ ရှိသူများနှင့် လူနာ အရေအတွက် မြင့်တက်လာမှုကြောင့် ဆေးရုံနေရာ ပြသနာကို ဖြေရှင်းရန်အတွက် ကျန်းမာရေးဌာန မှ အခန်းလွန်များဖြစ်တဲ့ ဟိုတယ်များကို ဆေးရုံများအဖြစ် အစားထိုးဖို့တောင်းဆိုခဲ့ပါတယ်။

“အချို့လူတွေကလဲ ဆေးရုံအသစ်ဆောက်ကြမလား လို့ အကြံဉာဏ်တွေ ပေးကြပါတယ်။ တကယ်တော့ တည်းခိုသူမရှိတဲ့ ဟိုတယ်အလွတ်တွေ အများကြီးရှိနေတာကြောင့် ဒီအခန်းအလွတ်တွေထဲကို ဆေးပစ္စည်း ကိရိယာတွေ ထည့်သွင်း တပ်ဆင်ပြီး လူနာတွေ ကို ကုသပေးဖို့ ကြိုးစားနေပါတယ်” လို့ BBC show တခုမှာ Mr. Hancock ကဆိုပါတယ်။ “စစ်တပ်က ဆေးရုံတွေဆီကိုလဲ အကူအညီတောင်းဖို့ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ရွေးချယ်စရာ အများကြီးရှိနေပါတယ်” လို့၎င်းက ဆိုပါတယ်။

“တကယ်အရေးကြီးတာက ဟိုတယ်မှာ လူတွေကိုပြုစုကုသဖို့ စိုးရိမ်နေတာထက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ အောက်စီဂျင်နဲ့အသက်ရှုဖို့ကိရိယာတွေကို လုံလောက်စွာ တပ်ဆင်နိုင်ဖို့နဲ့ လူနာ အရေအတွက်အတွက် လုံလောက်တဲ့ ဆေးဖက်ဆိုင်ရာ အကူဝန်ထမ်း၊ ဆရာဝန်တွေ အလုံအလောက်ရှိဖို့ပဲ ဖြစ်ပါတယ်” လို့၎င်းက ဆိုပါတယ်။

Hotel Chain ကြီးတခုဖြစ်တဲ့ Best Western က သူ၏ ဟိုတယ်များကို လူနာတွေအတွက် ယာယီ ဆေးရုံအဖြစ် ပြောင်းလဲပေးမယ်လို့ဆိုပါတယ်။ Chief Executive ဖြစ်သူ Rob Paterson က “Best Western အနေနဲ့ အရင်က တခါမှ မကြူံဖူးသေးတဲ့ အခြေအနေဖြစ်ပေမဲ့ နိုင်ငံနဲ့လူထုကို ကူညီပေးဖို့သူရဲ့ဟိုတယ်တွေကို ယာယီဆေးရုံအဖြစ် ပြောင်းလဲဖို့ပြီးခဲ့တဲ့ အပတ်ထဲမှာ အစိုးရနဲ့ဆွေးနွေးခဲ့ပါတယ်” လို့ဆိုပါတယ်။

Best Western Hotel Chain ဟာ ပြီးခဲ့တဲ့လ အတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧည့်သည်တွေမလာတော့ပဲ cancellations တွေတောက်လျှောက် ဖြစ်ခဲ့တာပါ။

အခြား နံမည်ကြီး ဟိုတယ် chain တွေဖြစ်တဲ့ Premier Inn နှင့် Hilton တို့ကလဲ NHS (National Health Services) ကို ကူညီပေးဖို့အတွက် ကုတင်များနှင့် သန့်ရှင်းရေးဝန်ထမ်း အများအပြားဖြင့် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မပြန်နိုင်တဲ့ ဆေးဝန်ထမ်းနှင့် NHS ဝန်ထမ်းများ တည်းခိုနေထိုင်နိုင်ရေးအတွက်လဲ ဟိုတယ်ခန်းတွေကို အသုံးပြုခွင့်ပေးထားပါသေးတယ်
“NHS ကနေ အခန်းတွေ ထပ်လိုအပ်သေးတယ်ဆိုရင် ဟိုတယ်တွေ အချင်းချင်း ပူးပေါင်းတိုင်ပင်ဆွေးနွေးပြီး နိုင်ငံနဲ့ လူထုကို ကူညီသွားမှာဖြစ်တယ်” လို့Best Western ရဲ့CEO ကဆိုပါတယ်။

UK နိုင်ငံအတွက်လိုအပ်တဲ့ UKမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေက တတတ်တအား ကူညီပေးနေပါတယ်။ Engineering နှင့် manufacturing ကုမ္ပဏီ ဖြစ်တဲ့ Meggitt က အခြားပစ္စည်း ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းကာ ဝယ်လိုအားအလွန်မြင့်တက်လာသော လေဝင်လေထွက်ကောင်းအောင် တပ်ဆင်တဲ့ ကိရိယာတွေကို ပိုမိုထုတ်လုပ်ပေးလျက်ရှိပါတယ်။ အစားအသောက်လုပ်ငန်းရှင်များကလဲ UK နိုင်ငံအတွင်း တင်သွင်းနေသည့် စားသောက်ကုန် ပစ္စည်းများ ပြတ်လပ်သွားမှုမရှိအောင် ဝန်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ဆောင်နေပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: News Sky, BBC News
Photo: The Guardian

%d bloggers like this: