0

ဟောင်ကောင်တက္ကသိုလ် သုတေသနအဖွဲ့နှင့် အမေရိက ဘော်စတွန်ရှိ ကျန်းမာရေးနည်းပညာကုမ္ပဏီသစ်တစ်ခုတို့ ပူးပေါင်းမှုစတင်

Share

photo: cdn

ဟောင်ကောင်တက္ကသိုလ်ရှိ သုတေသနအဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘော်စတွန်ကျန်းမာရေးနည်းပညာကုမ္ပဏီသစ်တစ်ခုနှင့်ပူးပေါင်း၍ Covid-19 နှင့် ပက်သက်သော အစီအစဉ်တစ်ခုကို စတင်လိုက်သည်။ အဆိုပါ ဘော်စတွန် အခြေစိုက် ဘိုင်အိုဖိုးမစ် Biofourmis နှင့် လက်တွဲကာ ကိုဗစ်ရောဂါ သံသယရှိသူ လူနာ အယောက် ၁၅၀ ထဲမှ အတည်ပြုပြီး လူနာ ၅၀ ၏ ကျန်းမာရေးအခြေအနေကို အဝေးထိန်း စောင့်ကြည့်ရေးဖြင့် မှတ်တမ်းတင် စောင့်ကြည့်နေခြင်းဖြစ်သည်။
ပါဝင်ကူညီပေးသော လူနာများသည် သူတို့၏ လက်မောင်းတွင် အထူးပြုလုပ်ထားသော အာရုံခံကိရိယာပါ စက်ကို တပ်ဆင်ထားရမည်ဖြစ်ပြီး အဆိုပါစက်ဖြင့် လူနာများ၏ ခန္ဓာကိုယ် အပူချိန်၊ အသက်ရှူနှုန်းများ၊ သွေးတွင်း အောက်ဆီဂျင် လယ်ဗယ်၊ နှလုံးခုန်နှုန်း စသည်တို့ကို အချိန်နှင့်တပြေးညီ သိရှိနိုင်မည်ဖြစ်သည်။


“ကိုဗစ်-၁၉ လူနာတွေ တော်တော်များများက ပိုးကူးပြီးလို့ ရက်အတော်ကြာတဲ့အထိ ဖျားတာ၊ ချောင်းဆိုတာ စတဲ့ လက္ခဏာတွေကို မပြဘူးဗျ။ အဲ့ဒါကြောင့် သာမန်ပဲ စစ်ဆေးမယ်ဆိုရင် အဆင်မပြေတော့ဘူး။ အထူးသဖြင့် စောင့်ကြည့်ခံ သံသယလူနာတွေဆိုရင်ပေါ့” ဟု ပါမောက္ခ ဒေါက်တာ ဆွီချွမ်ဝါ (ဟောင်ကောင်တက္ကသိုလ် နှလုံးအထူးကု) က ပြောပါတယ်။ ဒါကြောင့် ဒီလို ကိရိယာတပ်ထားခြင်းက စောစောသိရနိုင်တယ်လို့ ဆက်လက်ရှင်းပြပါတယ်။


Biofourmis ဘိုင်အိုဖိုးမစ်ဘက်ကလည်း ဒီလကုန်အထိဆိုရင် အဆိုပါအဝေးထိန်း စောင့်ကြည့်ရေး ကိရိယာနဲ့ လုပ်ငန်းစဉ်ကနေ နောက်ထပ် လူနာ ၅၀၀ ခန့် ကို ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အဆိုပါ ဒစ်ဂျစ်တယ် စောင့်ကြည့်ရေး လုပ်ငန်းစဉ်ကို အမေရိက၊ တောင်ကိုးရီးယား နဲ့ စင်္ကာပူတို့မှာပါ စပြီး အကောင်အထည်ဖေါ်ဖို့ ဆွေးနွေးနေကြောင့် အမှုဆောင်အရာရှိ ကူဒပ် ရာဂျ်ပု က ပြောပါတယ်။
Biofourmis CEO ကူဒပ်နဲ့ ဟောင်ကောင်တက္ကသိုလ်ပါမောက္ခ ဒေါက်တာ ဆီချွမ်တို့ကတော့ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အဝေးထိန်း စောင့်ကြည့်ရေးပါတဲ့ covid-19 အခြေအနေထိန်းသိမ်းရေး ဖြစ်လာမယ်လို့ပြောပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source, photos: scmp, cdn

%d bloggers like this: