အာရှတွင် ဘီယာ ရောင်းအားကျဆင်းသဖြင့် Heineken အမြတ်ငွေထိခိုက်

Share

အာရှဖစိဖိတ်ဒေသတွင် ရောင်းအားကျဆင်းသဖြင့် ယခုနှစ် နှစ်ဝက်စာရင်းချုပ်ရာတွင် အသားတင်အမြတ်ငွေ၉ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဘဏ္ဍာရေးလျာထားချက် မပြည့်မီခဲ့ကြောင်း အဖျော်ယမကာလုပ်ငန်းကြီး Heineken က ထုတ်ပြန်ခဲ့သည်။

ပုံမှန်အားဖြင့် အာရှ ပစိဖိတ်ဒေသသည် Heineken အတွက် အမြတ်အစွန်းများစွာ ရှာဖွေပေးသည့် ဒေသဖြစ်သော်လည်း ယခုနှစ် နှစ်ဝက်တွင်ရှိခဲ့သော ဘီယာရောင်းအားသည် ယမန်နှစ်ရောင်းအားထက် ၁၃ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

အာရှပစိဖိတ်တွင် ထင်မှတ်ထားသည်ထက် ရောင်းအားကျခဲ့ခြင်း၊ ဗီယက်နမ်စျေးကွက်တွင် အသစ်ထိုးဖောက်ခဲ့သော ဆိုဂျူရော ဘီယာပုံစံအသစ်၏ စျေးကွက်တုံ့ပြန်မှု မကောင်းခြင်းများကြောင့် ယခုရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု Heineken CEO Adolf van den Brink ကဆိုသည်။

သည့်အပြင် နိုင်ဂျီးရီးယားတွင် ဖြစ်ပွါးခဲ့သည့် အစိုးက စက်သုံးဆီလုပ်ငန်းများ အားလုံးကို နိုင်ငံပိုင်ပြန်လည်ပြုလုပ်လိုက်ခြင်ကြောင့်လည်း နိုင်ဂျီးရီးယားနိုင်ငံအတွင်း စီးပွါးရေး မငြိမ်သက်မှု ဖြစ်ပွါးခဲ့ရပြီး ထိုဖြစ်ရပ်၏ရိုက်ခတ်မှုကို Heineken လည်း ခံစားရကြောင်း CEO က ရှင်းပြသည်။

Heineken တွက်ချက်ထုတ်ပြန်မှုအရ ဗီယက်နမ်နှင့် နိုင်ဂျီးရီးယားတွင် ကျဆင်းခဲ့ရသော ရောင်းအားသည်စုစုပေါင်းကျဆင်းခဲ့သောရောင်းအား၏ ထက်ဝက်ခန့်အထိရှိကြောင်း သိရပြီး ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ပြီးခဲ့သည့် တနင်္လာနေ့၌ အမ်စတာဒမ်တွင် ၇ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Heineken ထုတ်ပြန်ချက်တွင် စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ ၎င်းတို့ထွက်ခွါတော့မည်ဟု ပြောဆိုနေသော ရုရှားစျေးကွက်တွင် ပရီမီယံဘီယာ ရောင်းအားကျဆင်းမှုရှိကြောင်း ဖော်ပြချက်ဖြစ်သည်။

အချက်အလက်စုဆောင်းရရှိမှုများအရ Heineken သည် ယခုအချိန်အထိ ရုရှားတွင် ဘီယာချက်စက်ရုံ ၇ရုံ၊ဝန်ထမ်းပေါင်း ၁၈၀၀ ဖြင့်ဆက်လက်လည်ပတ်လျက်ရှိပြီး ဘီယာတံဆိပ်သစ်တမျိုးပင် ထပ်မံဖြန့်ချိခဲ့သေးသည်ဟု သိရသည်။

CNN သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုတွင် Heineken က ၎င်းတို့အနေဖြင့် ရုရှားကထွက်ခွါမည်မှာ ကျိန်းသေကြောင်းနှင့် လုပ်ငန်းကို ဝယ်ယူမည့်ဝယ်လက်လည်း ရှိထားပြီဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါအရောင်းအဝယ်အတွက် ခွင့်ပြုချက်ကို ရုရှားအစိုးရက ယခုထက်ထိ အတည်မပြုသေးသဖြင့် ကြန့်ကြာနေရကြောင်း ပြန်လည်ဖြေကြားထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: CNN

Photo: NY breaking

%d bloggers like this: