0

Exports များရပ်နားထားသောကြောင့် အိန္ဒိယသရက်တောင်သူများက စားသုံးသူဆီ တိုက်ရိုက်ရောင်းချ

Share

နိုင်ငံခြားတင်ပို့ရောင်းချမှုများ ရပ်တန့်ထားသောကြောင့် အိန္ဒိယ သရက်စိုက်ပျိုးသူ တောင်ယာသမားများသည် သရက်သီး ရောင်းချနိုင်မည့် အခြားနည်းလမ်းများကို ရှာဖွေလာကြသည်။ စိုက်ပျိုးထုတ်လုပ်မှု ဈေးကွက်ကော်မတီ (APMC – Agricultural Produce Market Committee) မှလည်း တောင်ယာသမားများအား စားသုံးသူများထံ တိုက်ရိုက်သွားရောင်းနိုင်စေရန် စံသတ်မှတ်ချက်များကို ဖြေလျော့ပေးထားသည်။

တောင်သူများသည် WhatsApp Group များဖွင့်၍ ဈေးဝယ်သူများက chat group မှတဆင့် သရက်သီး အော်ဒါများမှာယူကြသည်။ အပတ်တိုင်း ရောင်းအားတက်လာပြီး တပတ်လျှင် သေတ္တာ ၁၀၀ ခန့်ရောင်းထွက်ကြောင်း တောင်သူတဦးကဆိုသည်။

မဟာရက်ရှ်ထရာ အစိုးရက Covid-19 ကြောင့် APMC markets ကိုကျော်၍ တောင်သူလယ်သမားနှင့် စားသုံးသူများ တိုက်ရိုက်အရောင်းအဝယ် ပြုလုပ်ခွင့် ပေးထားသည်။ ထိုသို့ပြုလုပ်ခွင့်ပေးထားခြင်းက ကြားခံလူများမရှိခြင်းကို တောင်သူများ နားလည်စေပြီး စားသုံးသူများမှာလည်း ပိုမိုချိုသာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေသည်။ ပုံမှန် စားသုံးသူများက သရက်သီးတလုံး ရူပီး ၁၀၀ ပေးဝယ်ရလျှင် တောင်သူများက ၂၃ ရူပီးသာရရှိပြီး လက်လီပြန်ရောင်းသူများက ရူပီး ၃၀ ရရှိကာ ကျန်ငွေများကို ပို့ဆောင်ရေးသမားများ အပါအဝင် ကြားခံလူ ၃ ဦးမှ ၄ ဦးက မျှဝေ ရရှိကြသည်။

ထို့အပြင် Covid-19 ကြောင့် အရောက်နောက်ကျသော သရက်သီးများအပေါ် ဈေးနှိမ်ခံရခြင်းများလည်း ရှိသည်။

ဧပြီလကုန်တွင် မွန်ဘိုင်းနှင့် သိမ်းအိမ်ယာစုတွင် တိုက်ရိုက် လာရောင်းချသော ခွန်ကန်မှ သရက်သီးများသည် တစ်ဒါဇင်လျှင် ၆၅၀ ရူပီး ဈေးရှိခဲ့ပြီး မေလတွင် ရူပီး ၆၀၀ သို့လည်းကောင်း လက်လီဆိုင်များတွင် ရူပီး ၅၀၀ သို့လည်းကောင်း ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ်တွင် မဟာရက်ရှ်ထရာ၏ ဝန်ကြီးချုပ်ဟောင်း ဒီဗန်ဒရာ ဖဒ်နာဗစ်က APMC ကိုပြောင်းလဲဖွဲ့စည်း၍ တောင်သူလယ်သမားများက သစ်သီးဝလံများကို လတ်ဆတ်စွာ တိုက်ရိုက်ရောင်းချနိုင်စေရန် ကြိုးပမ်းခဲ့သော်လည်း ကုန်သည်များ ဖိအားပေးမှုကြောင့် နောက်ဆုတ်ပေးခဲ့ရသည်။

Covid-19 ကြောင့် အိန္ဒိယတွင် ပို့ကုန်လုပ်ငန်းများ ယခုအချိန်ထိ ရပ်တန့်ထားရသည်။ အမေရိကန်သည် သရက်သီးတင်ပို့ရန် အလွန်အရေးကြီးသော ဈေးကွက်ကြီးဖြစ်ပြီး US မှစစ်ဆေးရေးသမားများသည် အိန္ဒိယသို့ လာရောက်၍ တင်ပို့မည့် ကုန်စည်များကို လာရောက် စစ်ဆေးလေ့ရှိကြသည်။ သို့သော် ယခုနှစ်တွင် Covid-19 ကြောင့် စုံစမ်းရေးအရာရှိများ မလာရောက်နိုင်တော့ပဲ exports ပို့ကုန်များကို မည်သည့်နိုင်ငံကိုမှ တင်ပို့နိုင်ခြင်းမရှိတော့ ကြောင်း သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Money Control

%d bloggers like this: