အရှေ့တောင်အာရှ၏ ယာဉ်အငှားနှင့်အစားအသောက်ပို့ ဝန်ဆောင်မှုလုပ်ငန်း Grab သည် ၎င်းတို့ ဝန်ထမ်းစုစုပေါင်းပမာဏ၏ ၁၁% ဖြစ်သော အလုပ်အကိုင်နေရာ ၁,၀၀၀ ကို လျှော့ချခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
၂၀၁၂ ခုနှစ်က မလေးရှားနိုင်ငံတွင် အစပြုခဲ့သော Grab သည် စင်္ကာပူသို့ လုပ်ငန်းတိုးချဲ့ပြီးနောက်ပိုင်း ရုံးချုပ်အခြေစိုက်ရာ နိုင်ငံအဖြစ်ပါ ရွေးချယ်ခဲ့သည်။
အမှုဆောင်ချုပ်ဖြစ်သူ အန်ထိုနီ တန် (Anthony Tan) က အလုပ်အကိုင်လျှော့ချမှုနှင့်ပတ်သက်၍ ကပ်ဘေးနောက်ပိုင်း အများဆုံးပမာဏဖြစ်ကြောင်း၊ ယခု လုပ်ရပ်သည် အမြတ်အစွန်းရရှိရန် ဖြတ်လမ်းသဘောမျိုးလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဝန်ထမ်းများထံသို့ ပေးပို့သော အီးမေးလ်တွင် ရေးသားခဲ့သည်။
စင်္ကာပူအား ရုံးချုပ်အဖြစ်ရွေးချယ်ပြီးနောက် Grab သည် အရှေ့တောင်အာရှတွင် မြို့ပေါင်း ၈၇ မြို့အထိ ဝန်ဆောင်မှုပေးလာနိုင်ခဲ့သည်။
ယင်းနောက် Uber ၏ အရှေ့တောင်အာရှ ဈေးကွက်ဝေစုကို ရယူနိုင်ခဲ့ပြီး Grab က ယာဉ်အငှား၊ အစားအသောက်ပို့ ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုပိုင်းများကို လုပ်ကိုင်လာနိုင်ခဲ့သည်။
Grab သည် ကပ်ဘေး ဖြစ်ပွားသည့် ၂၀၂၀ တွင် အလုပ်နေရာ ၃၆၀ ကို လျှော့ချခဲ့သည်။
အရှေ့တောင်အာရှတွင် Grab ၏ အဓိက ပြိုင်ဘက်ဖြစ်သော အင်ဒိုနီးရှားအခြေစိုက် GoTo သည်လည်း ၎င်းတို့ ဝန်ထမ်းစုစုပေါင်းပမာဏ၏ ၁၂% ကို ယမန်နှစ်က လျှော့ချခဲ့သလို ယခုနှစ် မတ်လတွင်လည်း နောက်ထပ် အလုပ်နေရာ ၆၀၀ ကို လျှော့ချခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, CNBC Business, Medium, EDB Gov Singapore
Image: tech wire Asia