Google ၏ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet Inc က Google မှ နောက် တပတ်တွင် ထွက်ရှိမည့် နောက်ဆုံးထွက် Android OS ဗားရှင်းဖြစ်သော Android 11 mobile operation system မိတ်ဆက်ခြင်းကို အမေရိကားတွင် ဆန္ဒပြသောင်းကြမ်းသူများကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း စနေ့နေ့က ပြောကြားခဲ့ပါတယ်။
“Android 11 အကြောင်းမိတ်ဆက်ပေးဖို့ ကျွန်တော်တို့ အတော်လေးကို စိတ်လှုပ်ရှားခဲ့ရပေမဲ့လည်း အခုဟာ ပြောဖို့အချိန်ကောင်း မဟုတ်တော့ပါဘူး” လို့ Android Developers website မှာ Google က ရေးသားထားခဲ့ပါတယ်။
George Floyd အမည်ရှိ လူမည်း အမျိုးသားတဦးကို လူဖြူ ရဲဝန်ထမ်းတဦးက ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှု ဖြစ်ပွားခဲ့သောကြောင့် အမေရိကန်ပြည်သူများ ဒေါသထွက်ကာ လူမျိုးရေးခွဲခြားမှုအပေါ် ရှုံချဖို့နှင့် တရားမျှတမှုရရှိဖို့အတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ အမေရိကန် မြို့ကြီးတွေထိ ပျံ့နှံ့လာခဲ့ပြီး ထိမ်းသိမ်းမရတဲ့ အခြေအနေထိ ရောက်ရှိလာခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ “I can’t breathe” စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ရဲကားနှင့် ရဲစခန်းများကို ကြူးကျော်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပါတယ်။ လတ်တလော အချိန်တွင် ရဲများက မျက်ရည်ယိုဗုံးများ၊ လက်နက်များအသုံးပြုကာ ဆန္ဒပြသူများကို ထိမ်းသိမ်းရန်ကြိုးပမ်းနေသော်လည်း ထိမ်းသိမ်းနိုင်ခြင်းမရှိကာ ဆန္ဒပြသူများက Apple stores များအပါအဝင် လမ်းပေါ်ရှိ စတိုးဆိုင်များအား မှန်ခွဲ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း နှင့် ပစ္စည်းလုယက်မှုများ ပြုလုပ်လျက်ရှိပါတယ်။
Source: Fox Business