0

အလုပ်လျှော့သည့် နည်းပညာကုမ္ပဏီကြီးများတွင် Gojek လည်း ပါဝင်လာ

Share

အငှားယာဉ် ဝန်ဆောင်မှု၊ အစားအသောက် ပို့ဆောင်ရေး၊ အွန်လိုင်ငွေပေးချေမှု စသည်များအပါအဝင် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၂၀ ခန့်ကိုဆောင်ရွက်ပေးနေသည့် အင်ဒိုနီးရှား၏ အကြီးဆုံး startup လုပ်ငန်းလည်းဖြစ်၊ ဒေသတွင်းပြိုင်ဘက် Grab Holdings အတွက်လည်း အင်အားကြီးပြိုင်ဘက်ဖြစ်လာသော Gojek သည် စီးပွားရေး ကျဆင်းမှုကြောင့် ဝန်ထမ်းလျှော့ချရသည့် နည်းပညာကုမ္ပဏီကြီးများ စာရင်းတွင် ပါဝင်လာပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်လာမှုများကို လျှော့ချရင် ကုမ္ပဏီသည် ဝန်ထမ်းအင်အား၏ ၉% ခန့်ဖြစ်သော အလုပ်အကိုင်နေရာ ၄၃၀ ခန့်ကို ဖြတ်တောက် လျှော့ချမည်ဟု ကြေငြာခဲ့သည်။

ဝန်ထမ်းလျှော့ချခံရမည့် ဌာနများမှာ နောက်ဆုံး ဝန်ဆောင်မှုများဖြစ်သည့် GoLife, GoFood Festivals တို့ထဲမှ ဝန်ထမ်းများဖြစ်ပြီး အိမ်တွင်းမှု ဝန်ဆောင်မှုများနှင့် အစားအသောက်ပြင်ဆင်ပေးရေး ဝန်ဆောင်မှုပိုင်းများကို လာမည့် ဇူလိုင်တွင် ပိတ်သိမ်းတော့မည်ဟု အင်္ဂါနေ့တွင် ကြေငြာခဲ့သည်။

ယခု ဆုံးဖြတ်ချက်ကြောင့် Gojek အနေဖြင့် အဓိက ဝင်ငွေရှာရန်အတွက် ၎င်း၏ အွန်လိုင်းငွေပေးချေမှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး နှင့် အစားအသောက်ပို့ဆောင်ခြင်းတို့အပေါ်တွင်သာ အာရုံစိုက်လာတော့မည်ဖြစ်သည်။

Gojek ၏ အကြီးအကဲများ ဖြစ်ကြသည့် Andre Soelistyo နှင့် Kevin Aluwi တို့က ၎င်းတို့အနေဖြင့် အကြီးဆုံးအခက်အခဲမှာ မသေချာမရေရာမှုများ မည်မျှထိဖြစ်နေနိုင်သည်ကို မသိရှိနိုင်ခြင်းဖြစ်ကြောင်းနှင့် ယခုအခြေအနေသည် လုပ်ငန်းလည်ပတ်ပုံကို ထာဝရပြောင်းလဲသွားစေနိုင်သည်ဟု ဝန်ထမ်းများထံသို့ အီးမေးလ်ပေးပို့ရာတွင် ပြောကြားခဲ့သည်။

ဝန်ထမ်းများ လျှော့ချခြင်းမှာ Gojek ရှိ မန်နေဂျာရာထူးရှိသူများအား လာမည့်နှစ်အထိ လစာငွေ ၂၅% လျှော့ယူရန် ဆုံးဖြတ်ချက်များ ချအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာရှဒေသတွင် Grab နှင့် အိန္ဒိယမှ Oyo Hotels တို့သည် ဝန်ထမ်းလျှော့ချမှုအများဆုံး လုပ်ငန်းများ ဖြစ်လာခဲ့ပြီး Layoffs.fyi မှ ခန့်မှန်းထားချက်များအရ နည်းပညာကုမ္ပဏီပေါင်း ၅၀၀ သည် ဝန်ထမ်းပေါင်း ၆၄၄၀၀ ခန့် လျှော့ချခဲ့ဖွယ်ရှိနေသည်။

Gojek သည် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး Unicorn ဖြစ်လာသော startup ဖြစ်သည်။
(Unicorn သည် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၁ ဘီလျံ ပြည့်သွားသော လုပ်ငန်းဖြစ်သည်။)

Jakarta Post အပါအဝင် ဒေသတွင်း လေ့လာသုံးသပ်ရေး လုပ်ငန်းများက ကိုဗစ်ကာလကိစ္စများကြောင့် Grab နှင့် Gojek တို့ လုပ်ငန်းပူးပေါင်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: South China Morning Post, Straitstimes, The Jakarta Post, Photo: Bloomberg

%d bloggers like this: