မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီကြီး General Motors က software အသစ်များ run ရန်အတွက် Apple ၏အကြီးတန်းအရာရှိများကို လုပ်ငန်းအတွက်ခေါ်ယူခဲ့သည်။
Apple cloud services ၏ အင်ဂျင်နီယာဌာန ဒုဉက္ကဌအဖြစ်တာဝန်ယူခဲ့သည့် Mike Abbott သည် May 22 တွင် ဒုတိယ အမှုဆောင်ဥက္ကဌ အဖြစ် ဝင်ရောက်လာမည်ဖြစ်သည်။ Abbott သည် Apple ၌ iCloud, iMessage, mail, account security စသည့် cloud-based services များကိုတာဝန်ယူ ဉီးဆောင်ခဲ့ပြီး ကွန်ပြူတာနှင့် cloud computing ဉီးစားပေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Kleiner Perkins Caufield & Buyers ၏ပါတနာတစ်ဉီးလည်း ဖြစ်သည်။
GM နှင့်အခြား မော်တော်ကားထုတ်လုပ်သူများမှာ အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် software နှင့် အခြားနည်းပညာ ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူရန်ရှာဖွေလျက်ရှိသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: AP News
Photo: Getty Images