0

ကိုရိုးနားဗိုင်းရပ်စ်ဖြစ်ပေါ်ပြီးနောက် တရုတ်ကုမ္ပဏီများတွင် ပိုရင်းနှီးမြှုပ်နှံလာ

Share

ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ဈေးကွက်ယိုင်နဲ့ခဲ့ရသော်လည်း ရေရှည်တွင်ဖြစ်ပေါ်လာမည့် ဈေးကွက် အခြေအနေကို ကြိုတင်တွက်ချက်၍ ကမ္ဘာ့ငွေကြေးရင်းနှီးမြှုပ်နှံမှုအဖွဲ့များသည် တရုတ်ကုမ္ပဏီများတွင် ပိုမိုရင်းနှီးမြှုပ်နှံလာကြသည်။

မတ်လတွင် အမေရိကန် စတော့ရှယ်ယာများ ကျဆင်းခဲ့ပြီး တရုတ်စတော့ရှယ်ယာဆီ ရောက်ရှိလာသော ရင်းနှီးမြှုပ်နှံမှု ငွေကြေး funds ၈၀၀ ခန့်၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၂ ထြီလျံနီပါးရှိသည်ဟု EPFR ၏ data များအရ သိရှိရသည်။
ထိုပမာဏသည် ပြီးခဲ့သည့်နှစ်ထက် ၂၀% တိုးတက်လာခဲ့ပြီး လွန်ခဲ့သည့် ၆နှစ်တာကာလ၏ ၁၇%တိုးတက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရင်းနှီးမြှုပ်နှံငွေများသည် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အမေရိကန်နှင့် စင်ကာပူတို့တွင် စာရင်းတင်ထားသော ကုမ္ပဏီများထဲသို့ စီးဝင်သွားခဲ့ခြင်းဖြစ်သည်။

Covid-19 ရောဂါသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့ပြီး လူပေါင်း ၄၆၀၀ ကျော်နှင့် တကမ္ဘာလုံးတွင် လူ ၂၉၂၀၀၀ ကျော်သေဆုံးစေခဲ့သည်။ ရောဂါကြောင့် အစိုးရက မြို့များအား lockdown ချပြီး စီးပွားရေးလုပ်ငန်းများအား ရပ်တန့်ထားစေခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလည်ပတ်မှုရပ်တန့်ကာ နောက်ထပ် စီးပွားရေး ပျက်ကပ်ဖြစ်လာတော့မည်ကို စိုးရိမ်ပူပန်နေကြသည်။

Customer များ၏ ငွေသား တောင်းဆိုမှုကြောင့် တရုတ် Equity Fund များသည် ငွေသားအဖြစ် ပြင်ပသို့ရောက်ရှိလာခဲ့ကြောင်း EPFR data များကပြနေသော်လည်း ၎င်းသည် ယာယီမျှသာဖြစ်ပြီး ဒေသအသီးသီးတွင် ရင်းနှီးမြှုပ်နှံထားသော fund များသည် ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်အတိုင်း အခြားဈေးကွက် ကုန်ကျစရိတ်များအဖြစ် တရုတ်ဆီသို့ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

US-China တင်းမာမှုများ
အမေရိကန်က တရုတ်သို့ ရင်းနှီမြှုပ်နှံမှုများကန့်သတ်ထားသည့် နိုင်ငံရေးဖိအားများကြောင့် အမေရိကန် – တရုတ် နှစ်နိုင်ငံ၏ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံသူများ၏ fund များသည် လိမ်လည်မှုဖြစ်ပေါ်နေသော လုပ်ငန်းများထဲသို့ရောက်ရှိခဲ့ပြီး အမေရိကန် အစိုးရ၏ တရားစီရင်ပိုင်ခွင့်လည်း မရှိသောကြောင့် အငြင်းပွားမှုများဖြစ်ပေါ်နေသည်။ Nasdaq listed တရုတ် ကုမ္ပဏီဖြစ်သည့် Lucking Coffee သည် ရောင်းအား ၂.၂ ဘီလျံ (ဒေါ်လာ ၃၁၄ မီလျံ) ရှိသည်ဟု လိမ်လည်ခဲ့မှုကြောင့် ကုမ္ပဏီ၏ ရှယ်ယာများ ၈၀%ထိ ကျဆင်းခဲ့သည်။

သို့သော်လည်း အမေရိကန်သည် တရုတ်သို့ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိနေသည်။
Lucking Coffee ၏ ပြစ်မှုများနှင့် ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကြီးကြောင့် listing အချို့နှောင့်နှေးကြန့်ကြာခဲ့ရပြီးနောက် ပြီးခဲ့သည့် သောကြာနေ့၊ မေလ ၈ ရက်နေ့တွင် Kingsoft Cloud သည် အမေရိကန်တွင် အများပိုင်ဖြစ်လာသည့် ပထမဆုံး တရုတ်ကုမ္ပဏီ ဖြစ်လာခဲ့သည်။အင်တာနက်ကုမ္ပဏီကြီး Kingsoft Cloud ၏ရှယ်ယာများသည် trading စတင်ပြီး ၃ ရက်အကြာတွင် ၄၀% ခန့်မြင့်တက်ခဲ့ပြီး ၅ ဘီလျံ ထိတန်ဖိုးရှိလာခဲ့သည်။

“ကျွန်တော်တို့မှာ အရည်အသွေးမြင့်ပစ္စည်းနဲ့ အလားအလာနဲ့ နံမည်ကောင်းရှိတဲ့ ရှယ်ယာရင်းနှီးမြှုပ်နှံသူတွေ ကမ္ဘာ့နိုင်ငံကြီး အနှံအပြားမှာ ရှိနေပါတယ်”လို့ CFO Henry He ကဆိုသည်။ New York listed လုပ်ထားသည့် တရုတ်စတော့ရှယ်ယာများအပေါ် သက်ရောက်နေသော U.S-China တင်းမာမှုများ လျှော့ချရန် ရင်းနှီးမြှုပ်နှံသူများအား တရုတ် equities များဝယ်ယူရန် ထောက်ခံမှုများပြုလုပ်နေကြောင်း Morgan Stanley ၏တာဝန်ရှိသူများက ဆိုသည်။

“တရုတ်သည် အခြား နယ်ပယ်များတွင် ထိခိုက်နစ်နာမှုများ ရှိသော်လည်း ကျန်းမာရေးနှင့် နည်းပညာကဏ္ဍများတွင် တီထွင်ဖန်တီးမှုအားကောင်းသဖြင့် အလာအလာများစွာရှိနေသည်” ဟု New York ရှိ Invesco ၏ ခေါင်းဆောင်တဦးဖြစ်သူ Justin Leverenz ကဆိုသည်။

“ရာစုနှစ်တခုစီတိုင်းမှာ ပေါက်တဲ့ ဈေးကွက် တခုခုရှိခဲ့ပါတယ်။” သူက ခေတ်ကောင်းခဲ့သည့် အမေရိကန် နည်းပညာလောကနှင့် ဂျပန်စတော့ ဈေးကွက်ကို ဆိုလိုခြင်းဖြစ်သည်။ “တရုတ်ဟာ လတ်တလောမှာ တိုးတက်မှု အားနည်းနေပေမဲ့ နောက် ၁၀ နှစ်မှာ အားလုံးကို ချုပ်ကိုင်မယ့် ဧရာမ ဈေးကွက်ကြီးဖြစ်လာပါလိမ့်မယ်” ဟု Justin ကဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC News
Images: Getty images

%d bloggers like this: