ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဘရိုင်ယန် ကမ့် က သူ၏ ပြည်နယ်တွင်းရှိရုပ်ရှင်ရုံများကို ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။
သို့သော်လည်း ရုပ်ရှင်ရုံလုပ်ငန်းကြီးများဖြစ်သည့် AMC နှင့် Cinemark ကဲ့သို့ ကုမ္ပဏီကြီးများသည် ဝန်ထမ်းများ လျှော့ပစ်ခြင်း၊ ဆိုင်းငံ့ထားခြင်းများ အများအပြား ပြုလုပ်ထားခဲ့ရာ ယခုကဲ့သို့ ချက်ချင်းပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။
လာမည့်အပတ်တွင် ရုပ်ရှင်ရုံလုပ်ငန်းများပြန်လည်စတင်မည်ဆိုပါက ဝန်ထမ်းများကို ကိုဗစ်နှင့်ပက်သက်သော ကိစ္စများ လေ့ကျင့်ပေးရေးမှာ လျင်လျင်မြန်မြန်လုပ်ဆောင်ရန် မလွယ်ကူသေးပေ။
ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည်ဆိုပါက လုပ်ဆောင်ရမည့် အဆင့်များ ၂၀ ခန့် သတ်မှတ်ထားပြီး ယင်းတို့တွင် ဝန်ထမ်းများ၏ ကျန်းမာရေး စစ်ဆေးမှု၊ အဖျားတိုင်းခြင်း စသည့် လုပ်ဆောင်စရာများ၊ လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေး အဆင့်မြှင့်စရာများ၊ PPE ဝတ်စုံ တစ်ကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံများ ထားရှိရန်လိုခြင်း၊ ဝန်ထမ်းများကြား ခွာနေရန် သတ်မှတ်ထားသည့် အကွာအဝေများ ယခင်က ထက် ပိုမိုလိုအပ်ခြင်း၊ Disinfectant ကဲ့သို့သော ပိုးသတ်တစ်ရှူးများ ထားရှိပေးခြင်း စသည်တို့ကဲ့သို့ အဆင့်နှင့် လုပ်ဆောင်စရာများလည် လိုအပ်မည်ဖြစ်သည်။ ယခု အပတ်ထဲတွင် ညွှန်ကြားချက်များ ပိုမိုထုတ်ပြန်သွားမည်ဟု ဂျော်ဂျီယာပြည်နယ်အစိုးရက ကြေညာခဲ့သည်။
အဆိုပါ အဆင့်သတ်မှတ်ချက်များသည်လည်း ရုံတွင်း လူဝင်လျော့ကျစေရန် ဖြစ်နေစေသည်။
အခြား ပြဿနာလည်း ရှိနေသေးသည်။ ပြသရမည့် ရုံတင် ရုပ်ရှင်ဇာတ်ကား စာရင်းနှင့် သတ်မှတ်ထားသော ရုံတင်နေ့စွဲများဖြစ်သည်။ အများစုသော ရုပ်ရှင်ပြသရမည့် ဇာတ်ကားများမှာ နောက်ဆုတ်ခံထားရသည်ဖြစ်ရာ ယခုအခါတွင် မည်သည့်ဇာတ်ကားများကို ရုံအရင် တင်ရမည်ဆုံးဖြတ်စရာများ၊ ညှိုနှိုင်းစရာများ ကျန်နေသေးသည်။
ရုပ်ရှင်ရုံပိုင်ရှင်များအတွက် စာချုပ်စာတမ်းပါ အချက်များကြောင့် လျော်ကြေးများ ပေးရမည့်အခြေအနေများ၊ သို့မဟုတ် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် နားလည်မှု ရယူရေး ကိစ္စများလည်း ဆွေးနွေးရဦးမည်ဖြစ်သည်။ စာချုပ်ပါ ရက်စွဲများအတိုင်းသာ ပေးလျော်ရပါက ပြည်နယ်အစိုးရခေါင်းပေါ် ကျလာမည် သို့မဟုတ် ရုပ်ရှင်ရုံပိုင်ရှင်များအပေါ်သာ တာဝန်ရှိသည် စသည့်အကြောင်းများသည်လည်း ရေရာခြင်း မရှိသေးချေ။
လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်ကူးစက်ခံရသူ ၇၈၈၉၀၀ (၈ သိန်းနီးပါး) ရှိနေပြီဖြစ်ပြီး သေဆုံးသူမှာလည်း ၄၂၄၀၀ (၄ သောင်း ၂ထောင်ကျော်) ရှိလာပြီဖြစ်သည်။
Cinemark ကုမ္ပဏီကြီးကမူ ရုံများ ပြန်လည်ဖွင့်လှစ်မည့်ရက်အား ဂျူလိုင်လ ဟုသာ ရည်ရွယ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။
(အမေရိကန်ပြည်ထောင်စု၏ နွေရာသီသည် ဇွန်လ ၁ ရက်နေ့ မှ သြဂုတ်လ ၃၁ ထိ ဟု သိရပါသည်။ ၂၀၂၀ ခုနှစ်အတွက်ဖြစ်ပါသည်။)
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: cnbc, image: getty images