0

G.E (General Electric) ၏ CEO ဟောင်း Jack Welch အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်။

Share

General Electric ကို ရာစုနှစ် ၂ စု ဦးဆောင်အုပ်ချုပ်ခဲ့ပြီး ပြောင်းလဲတိုးတက်မှုကြီးတခု ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်တဲ့ CEO ဟောင်း Jack Welch ဟာ အသက် ၈၄ နှစ်အရွယ်မှာပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးအချိန်မှာတော့ ဇနီး၊ မိသားစုနှင့် သူ့အချစ်တော်ခွေးကလေးနဲ့ အတူရှိနေခဲ့ပြီး သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်တဲ့ အကြောင်းအရင်းကတော့ ကျောက်ကပ်ပျက်ဆီးမှုကြောင့်လို့ ဇနီးဖြစ်သူ Suzy ကပြောပါတယ်။

Mr. Welch ဟာ အမြတ်မထွက်တဲ့စီးပွားရေးလုပ်ငန်းတွေ productive မဖြစ်တဲ့ ဝန်ထမ်းတွေကို ပြောင်းလဲပေးနိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကြောင့် ၁၉၈၀ ဝန်းကျင် အမေရိကန်သမိုင်းမှာ အအောင်မြင်ဆုံးသူတဦး ဖြစ်ပြီး ၁၉၉၀ ခုနှစ်တလျှောက်မှာတော့ GE ကို တန်ဖိုးအမြင့်ဆုံး အမေရိကန် ကုမ္ပဏီအဖြစ် ပြောင်းလဲပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုကြောင့် “manager of the centry” နှင့် “Neutron Jack” ဆိုတဲ့ ဂုဏ်ပုဒ် ၂ ခု ပေးအပ်ခံခဲ့ပါတယ်။

Welch ကို Nov.19, 1935 Massachusetts မှာ အိုင်းရစ်အမေရိကန် မိဘနှစ်ပါးမှ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူကတော့ မီးရထားဝန်ထမ်းတဦးဖြစ်၍ မိခင်ကတော့ အိမ်ရှင်မတဦးဖြစ်ပါတယ်။ Welch ဟာ chemical engineering ဘာသာရပ်နဲ့ University of Massachusetts Amherst ကဘွဲ့ရခဲ့ပြီး ၁၉၆၀ မှာ University of Illinois မှ Ph.D. ရရှိခဲ့တာ ဖြစ်ပါတယ်။ 1960 မှာ chemical engineer အဖြစ် G.E ကိုစတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၁ မှာ CEO ဖြစ်လာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် 9/11 မဖြစ်ခင် တရက်အလိုမှာ အငြိမ်းစားယူခဲ့ပါတယ်။ G.E မှထွက်ခွါသွားပြီးနောက်မှာတော့ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ပြီး ဟောပြောပွဲတွေ TV အစီအစဉ်တွေမှာလဲ ပါဝင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Jack Welch Management Institute ကိုတည်ထောင်ခဲ့ပါတယ်။

သူ့ရဲ့ ခေါင်းဆောင်မှု ပညာဟာ G.E ကိုသာ ပြောင်းလဲစေခဲ့တာ မဟုတ်ပဲ အမေရိကန် ကော်ပရေးရှင်းကြီးတွေရဲ့ရှေးရိုးစွဲမူဝါဒတွေဖြစ်တဲ့ သစ္စာစောင့်သိမှု၊ တည်ငြိမ်မှု၊ ကိုယ်ရည်ကိုယ်သွေး တို့ကိုသာ ဦးစားပေးအုပ်ချုပ်တဲ့ အလုပ်မဖြစ်တော့တဲ့ အုပ်ချုပ်ပုံနည်းစနစ်တွေအစား လျင်မြန်ဖြတ်လတ်မှု၊ ပါးနပ်လိမ္မာမှုနဲ့ မျိုးဆက်သစ်ဆိုတဲ့ အရာတွေကိုပါ မျိုးစေ့ချပေးခဲ့တာဖြစ်ပါတယ်။ သူ့ဇနီးနဲ့အတူ ထုတ်ဝေခဲ့တဲ့ Winning by Jack and Suzy Welch , Winning The Answer by Jack and Suzy Welch နှင့် Jack: Straight From The Gut ဆိုတဲ့ စာအုပ်တွေကတော့ စီးပွားရေးနှင့် ခေါင်းဆောင်မှု ပညာရပ်တွေအတွက် အလွန်ထင်ရှားခဲ့တဲ့ စာအုပ်များဖြစ်ပါတယ်။

Source: Wall Street Journal, CNBC News, Wikipedia.

%d bloggers like this: