0

US တွင် ကာကွယ်ရေး အသုံးစရိတ်ကို သုံး၍ Ford, GE ကုမ္ပဏီကြီးများက ရက် ၁၀၀ အတွင်း အသက်ရှူစက်ပေါင်း ၅ သောင်း ထုတ်မည်

Share

ကိုရိုးနားဗိုင်းရပ်စ် အရေးပေါ်အခြေအနေများကြောင့် ဖို့ဒ် မော်တော်ကား ကုမ္ပဏီနှင့် ဂျီအီး လျှပ်စစ်ကုမ္ပဏီကြီးများသည် လာမည့် ရက် ၁၀၀ အတွင်း အသက်ရှူစက်ပေါင်း ၅ သောင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၀ ရက်နေ့ တွင် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်သား စုစုပေါင်း ၅၀၀ ခန့်ဖြင့် စတင် ထုတ်လုပ်သွားမည်ဟု မျှော်မှန်းထားကြသည်။ ဧပြီလကုန်တွင် အသက်ရှူစက် ၁၅၀၀ ခန့် ထုတ်လုပ်နိုင်ပြီး ဂျူလိုင်လ ၄ ရက်နေ့တွင် စက်အလုံးပေါင်း ၅ သောင်းထုတ်ပြီး ဖြစ်မည်ဟု သိရသည်။
အဆိုပါ အသက်ရှူစက်များ၏ ဒီဇိုင်းပိုင်းကို GE Healthcare က ဖလော်ရီဒါ အခြေစိုက် Airon Corp နည်းပညာမြင့်ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမှ ခွင့်ပြုချက်လိုင်စင်ယူကာ ရေးဆွဲထားခြင်းဖြစ်သည်။ ယခု အသက်ရှူစက်များသည် မူလ ဂျီအီးမှထုတ်လုပ်သော စက်များထက် ရှုတ်ထွေးမှု သိသာစာ လျော့နည်းလာပြီး၊ ထိုအချက်က ထုတ်လုပ်ရေးကို များစွာ အထောက်အကူဖြစ်မည်ဟု ထင်ကြောင်း ဖို့ဒ်ဘက်ကလည်း ပြောကြားထားသည်။
ယခုကဲ့သို့ ကိစ္စများ အကောင်အထည်ပေါ်လာခြင်းသည် သမ္မတ ဒေါ်နယ်ထရမ့်၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ဖို့ဒ်၊ ဂျန်နရယ်မော်တာ ကဲ့သို့ ကုမ္ပဏီကြီးများ အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေး အသုံးစရိတ်ကို သုံး၍ အသက်ရှူစက်များထုတ်လုပ်ရန် အမိန့်ထုတ်ပြန်ပြီး ၃ ရက်တွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: cnbc, ford

%d bloggers like this: