0

အင်္ဂလန်ရဲ့ အကြီးဆုံး ပြည်တွင်းလေကြောင်းလိုင်း Flybe အရှုံးပြသွားခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေကြောင်းလိုင်းတွေ ပျက်စီးတော့မဲ့ နိဒါန်းလား

Share

       photo : Business Insider

           ပြီးခဲ့တဲ့ ကြာသပတေးနေ့ (၀၅-၀၃-၂၀၂၀) က အင်္ဂလန်နိုင်ငံရဲ့ အကြီးဆုံး ပြည်တွင်းလေကြောင်းလိုင်း Flybe ဟာ လေကြောင်းညွှန်ကြားမှုဦးစီးဌာနကို သူတို့ရဲ့ အရှုံးပြနေတဲ့ ငွေစာရင်းရှင်းတမ်းတင်ပြခဲ့ပြီးနောက်မှာ သူတို့ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ လေကြောင်းခရီးသွားလာရေး ကျွမ်းကျင်သူတွေကတော့ ဒါဟာ ရုန်းကန်နေရတဲ့ လေကြောင်းလိုင်းတွေရဲ့ ပျက်စီးခြင်းအစလို့ သတ်မှတ်ကြပါတယ်။ သူတို့ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာတဝှမ်းရှိ လေကြောင်းလိုင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေါ်လာ ၁၁၃ ဘီလီယံလောက် ဆုံးရှူံးရနိုင်တယ်လို့ ပြောဆိုထားပါတယ်။
          သူတို့ရဲ့ အဆိုအရတော့ နောက်လတွေမှာလည်း ဘယ်လေကြောင်းလိုင်းတွေ အရှုံးပြနေလဲဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ ကျန်နေပါသေးတယ်။ လေကြောင်းလိုင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားလပ်ရက်ခရီးသွားသူတွေ ခရီးစဉ်ဖျက်သိမ်းတာ ခံနေရတဲ့ အပြင် အလုပ်ကိစ္စ ခရီးထွက်မဲ့သူတွေကပါ flight cancel လုပ်တာခံနေရတာပါ။ ဒီထဲမှာမှ တရုတ်ခရီးသည်တွေကို အဓိက အားထားနေရတဲ့ အာရှပစိဖိတ်က လေကြောင်းလိုင်းတွေဟာ ပိုပြီး အထိနာဆုံးဖြစ်လိမ့်မယ်လို့ Filght Global မဂ္ဂဇင်းရဲ့ မန်နေးဂျင်းဒါရိုက်တာ Greg Waldron ကဆိုသွားပါတယ်။


         photo : AFP

          လောလောဆယ်တော့ Flybe လေကြောင်းလိုင်း ရပ်နားလိုက်တဲ့ ခရီးစဉ်လမ်းကြောင်း ၁၆ ခုကို စကော့တလန် လေကြောင်းလိုင်း Loganair က အစားထိုးပြေးဆွဲပေးနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Loganair လေကြာင်းလိုင်းလဲ ဘယ်လောက်ကြာကြာ ကြံ့ကြံ့ခံနိုင်မလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဒါ့အပြင် တခြား လေကြောင်းလိုင်းကြီးတွေဟာလည်း အရှုံးပြနေတာကို ကာမိအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိူးစားနေရပါတယ်။ ဒူဘိုင်း အခြေစိုက် Emirates လေကြောင်းလိုင်းဟာ သူ့အလုပ်သမားတွေကို လစာမဲ့ခွင့် ၂ပတ်ကနေ အများဆုံး ၁လအထိ ယူခိုင်းဖို့ ပြင်ဆင်နေသလို ဟောင်ကောင်ရဲ့ အကြီးဆုံးလေကြောင်းလိုင်း ဖြစ်တဲ့ Cathay Pacific ဟာလည်း သူ့ဝန်ထမ်းတွေကို လစာမဲ့ခွင့် ၃ပတ်ယူခိုင်းဖို့ အစီအစဉ်ချနေပါတယ်။

ကူးယူဖော်ပြခွင့် မပြုပါ။

Source : BBC

%d bloggers like this: