0

ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင်ရောက်ရှိ

Share

ယနေ့ အင်္ဂါနေ့တွင် နော့ဒစ်ဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်သည့် ဖင်လန်နိုင်ငံသည် NATO အဖွဲ့၏ ၃၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် တရားဝင်ရောက်ရှိခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ရုရှားနှင့် ဖင်လန်သည် နယ်နိမိတ်ချင်း မိုင် ၈၀၀ ခန့် ထိစပ်နေပြီး ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားခြင်းက ဖင်လန်နိုင်ငံအား နေတိုး – NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားစေရန် စေ့ဆော်ခဲ့သည်။
၁၉၄၉ ခုနှစ်က စတင်တည်ထောက်ခဲ့သော NATO အဖွဲ့သည် ကနဦးက နိုင်ငံ ၁၂ နိုင်ငံရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အနောက်ဥရောပနိုင်ငံများဖြင့် စတင်ခဲ့သည်။

ဖင်လန် သမ္မတ Sauli Niinisto က နှစ်ပေါင်းများစွာ စစ်ရေးအရ ပူးပေါင်းခြင်းမရှိခဲ့သည့် နှစ်များစွာ အဆုံးသတ်ခဲ့ပြီ ဖြစ်ပြီး ခေတ်သစ် တခုကို စတင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
ယနေ့ အင်္ဂါနေ့တွင် ဖင်လန်သမ္မတသည် နေတိုးအဖွဲ့ချုပ်ရုံးစိုက်ရာ ဘရပ်ဆဲလ်သို့ သွားရောက်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ခဲ့ကာ ဖင်လန်နိုင်ငံ၏ နိုင်ငံတော်အလံကိုလည်း နေတိုးအဖွဲ့ဝင်ပြီး နိုင်ငံ ၃၀ အကြား စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိတွင် စကင်ဒီနေဗီးယန်းနိုင်ငံ တခုဖြစ်သော ဆွီဒင်သည်လည်း နေတိုးအဖွဲ့ဝင်ဖြစ်လာရန် လျှောက်ထားနေပြီး လက်ရှိ အဖွဲ့ဝင် နိုင်ငံ ၃၀ လုံးက ထောက်ခံမှသာ ဝင်ရောက်နိုင်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဘိုင်ဒင်က ဆွီဒင်အတွက် လိုအပ်သော ထောက်ခံမှုများပေးရန် တူရကီနှင့် ဟန်ဂေရီတို့ကို တိုက်တွန်းထားသည်။

နေတိုးအဖွဲ့၏ လက်ရှိ စစ်အင်အားသည် စစ်သည် ၃.၃၆ သန်းရှိနေပြီး ရုရှားနိုင်ငံသည် စစ်သည် ၁.၃၃ သန်း ရှိနေသည်။
ဖင်လန်၏ နေတိုးအဖွဲ့ဝင်ဖြစ်လာခြင်းက ပဋိပက္ခဖြစ်ပွားနိုင်ခြေကို မြင့်တက်လာစေမည်ဖြစ်ကြောင်းနှင့် ယခု လုပ်ရပ်သည် NATO ၏ အခြေအနေကိုဆိုးရွားစေသော နောက်ထပ်လုပ်ရပ် ၁ ခု ဖြစ်ကြောင်း ကရင်မလင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဒီမီထရီ ပါစကော့ဗ် (Dmitry Peskov) က ယနေ့ အင်္ဂါနေ့တွင်ပင် တုံ့ပြန်ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Source: CNBC Business, NATO INT, Statista, CBS News, AXIOS, Scandinavia Standard
Image: Business Recorder

%d bloggers like this: