0

Facebook က နိုင်ငံ ၃၀ ကျော်ရှိ အသေးစားလုပ်ငန်းများအား ဒေါ်လာ သန်း ၁၀၀ ဖိုး ကြော်ငြာစရိတ်များ ကူညီမည်နှင့် အခြား ဆက်စပ်သတင်းများ

Share

ဖေ့ဘုတ်၏ COO ဖြစ်သူ ရှဲလ်ရီ ဆန်းဘာ့ဂ် က ယခု ဖြစ်ပေါ်နေသည့် ကိုရိုးနားဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ထိခိုက်ခံစားလာရသော အသေးစားလုပ်ငန်းများကို သူတို့တက်နိုင်သည့် ဘက်မှ ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ရေးသားခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်ရှိ အသေးစားလုပ်ငန်း ၃ သောင်းကျော်ကို ကြော်ငြာ ကိစ္စများနှင့်ပက်သက်၍ ငွေသားဖြင့် ဖြစ်စေ၊ ကြွေးဝယ်ကဒ် စနစ်ဖြင့် ဖြစ်စေ ဒေါ်လာ သန်း ၁၀၀ ပမာဏကို ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာပေါ်ရှိ လူသားတိုင်း တက်ကြစွာ လှုပ်ရှားနေချိန်ဖြစ်ကြောင်း၊ အားလုံး၏ ရှေ့တွင် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ထို့အတွက်လည်း မိမိတို့ဘက်မှ လုပ်နိုင်သော ကိစ္စများကို ဆောင်ရွက်သွားခြင်းဖြစ်ကြောင်း ဆိုပါသည်။
သူမက ဆက်လက်၍ ဤအကြပ်အတည်းများ ကြာရှည် ဆက်လက်ဖြစ်ပွားနေလျှင် အသေးစားလုပ်ငန်းများအတွက် စွန့်စားရမှုများ ပိုမိုကြီးမားလာခြင်း၊ စီးပွားရေး ပိုမိုထိခိုက်လာမှုများ ဖြစ်လာစေခြင်းတို့ကြောင့် သက်ဆိုင်ရာ ဒေသတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားများကိုလည်း မတည်မငြိမ်ဖြစ်လာစေနိုင်သည် ဟုဆိုသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် နိုင်ငံတိုင်းအတွက် အရေးကြီးသော ကဏ္ဍတွင် ပါဝင်နေကြသည်။
အမေရိကန် ပြည်ထောင်စုတွင် အသေးစား၊အလတ်စား လုပ်ငန်းများက အလုပ်အကိုင်ပေါင်း ၅၈.၉ သန်း ကို ဖန်တီးပေးနေကြသည်။
အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် စစ်တမ်းကောက်ယူရာတွင် နောက်ဆုံး ၂၀၁၄ ခု နှစ် စစ်တမ်းများအရ ထိုလုပ်ငန်းများသည် နိုင်ငံ၏ အလုပ်အကိုင်ပေါင်း ၄၇.၅% ရာခိုင်နှုန်းထိ ဖြည့်ဆည်းပေးနေကြောင်း တွေ့ရသည်။ ဤတွင် အခြား ကော်ပိုရေးရှင်း၊ လုပ်ငန်းကြီးများ စုစုပေါင်း ဖန်တီးပေးနိုင်သော အလုပ်အကိုင်ပမာဏသည် ၅၂.၅% ခန့်သာ မတိမ်းမယိမ်းရှိနေသည်ကို တွေ့နိုင်သည်။
အသေးစား၊ အလတ်စားလုပ်ငန်းများမှ ရရှိသော နိုင်ငံ၏ GDP သည် ၂၀၁၄ တစ်နှစ်တည်းတွင် ၅.၉ ထရီလျံ ရှိကြောင်းတွေ့ရသည်။ (Facts Sharing)
အခြား သတင်းများအရလည်း ဖေ့ဘုတ်က အမေရိကန်ကျန်းမာရေးဝန်ထမ်းများအတွက် မျက်နှာအုပ်အကာအကွယ်များ လှူဒါန်းသွားမည်ဖြစ်ပြီး အရေအတွက်အားဖြင့် ၇ သိန်း ၂ သောင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင်လည်း အစိုးရမှ ဒုသမ္မတဖြစ်သူ မိုက်ပန့်စ် မှ မကြာသေးမီက မျက်နှာအုပ်(မျက်နှာဖုံး) ၂ သန်းလှူဒါန်းခဲ့သော Apple ကုမ္ပဏီကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဒုသမ္မတ မိုက်ပန့်စ်က အိမ်ဖြူတော်တွင် အကျဉ်းရုံးပြောကြားသော စနေနေ့မိန့်ခွန်းတွင် (မျက်နှာဖုံး၊ အုပ်များ) “၁၀၀ လောက်ရနိုင်မလား၊ ၁၀၀၀ လောက်ရနိုင်မလား၊ ရသလောက် ထုတ်ပိုးစမ်းပါ၊ ပြီးတာနဲ့ နီးစပ်ရာ ဆေးရုံအရောက် ပို့ပေးလိုက်ကြစမ်းပါ” ဟု နှိုးဆော်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်ပေးခြင်းဖြင့် မျှဝေပေးပါရန် တောင်းဆိုပါသည်။
Orio Economics

source: cnet, hbr, facebook, sheryl sandberg

%d bloggers like this: