Facebook က Coronavirus နဲ့ပတ်သက်တဲ့ သတင်းတွေကို users တွေဆီမရောက်ရှိအောင် spam အနေနဲ့ သတ်မှတ်ကာ block လုပ်ထားတာကြောင့် တကမ္ဘာလုံးက သတင်းနှင့် ဆောင်းပါးတင်သူ တော်တော်များများ အခက်တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Facebook users တွေဟာ သူတို့ Facebook page ပေါ်မှာ သတင်းပိုစ့်တွေတင်လို့မရတဲ့ အကြောင်း Twitter ပေါ်မှာ ပြောဆိုခဲ့ကြပါတယ်။ ယခုလို post တင်လို့မရတဲ့သူတွေထဲမှာ Business Insider, BuzzFeed, The Atlantic နှင့် the Times of Israel စတဲ့ သတင်း မီဒီယာကြီးတွေလဲ ပါဝင်ခဲ့ပါတယ်။ ဘာ့ကြောင့် ဒီပြသနာဖြစ်တယ်ဆိုတာ သေသေချာချာ မသိရှိရပေမဲ့ Facebook ဘက်က ချက်ချင်းဖြေရှင်းမှု မရှိခဲ့ဘူးလို့သိရပါတယ်။
ယခုလို Coronavirus ကူးစက်ရောဂါ ပျံ့နှံနေချိန်မှာ Facebook ကလည်း သူ့ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့နဲ့ အလိုအလျှောက် အလုပ်လုပ်တဲ့ ဆော့ဖ်ဝဲ (automated software) တွေကိုသာ အသုံးပြုဖို့ညွှန်ကြားခဲ့ပါတယ်။ Facebook ရဲ့လုံခြုံရေးဆိုင်ရာ အရာရှိဟောင်းဖြစ်တဲ့ Alex Stamos ကတော့ ဒီလိုရုတ်တရက်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲအပေါ် အပြစ်ဆိုရမှာပဲ လို့ပြောခဲ့ပါတယ်။
Facebook ရဲ့Spam တွေကိုထိန်းချုပ်တဲ့ စနစ်က ချို့ယွင်းသွားတယ်ထင်တယ်လို့သူက Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ ကုမ္ပဏီက ချမှတ်ထားတဲ့ ပေါက်ကြားလို့မရတဲ့ ကုမ္ပဏီရဲ့သတင်းနဲ့ ပတ်သက်တဲ့ စည်းကမ်းအချို့ကြောင့် အိမ်မှာ အလုပ်လုပ်ဖို့မဖြစ်နိုင်သူတွေ ဖြစ်တဲ့ content moderators တွေကို မနေ့က Facebook က အိမ်ပြန်ပို့ခဲ့တာပါ။ ယခုလို ပြသနာမျိုး ထပ်မဖြစ်အောင် အလိုအလျောက် အလုပ်လုပ်တဲ့ စက်တွေရဲ့အရည်အသွေးကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရဦးမှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။
Twitter စာမျက်နှာပေါ်မှာတော့ Facebook Post ဖြုတ်ချခံရသူတွေနဲ့ Spam မဟုတ်ပါပဲ Spam ဖြစ်တယ်လို့မှားယွင်းသတ်မှတ်တာကြောင့် post တင်ခွင့်မရသူတွေရဲ့ဝေဖန်သံတွေ ပျံ့နှံနေပါတယ်။