0

Expedia က ဒေါ်လာ ၁.၃ ဘီလျံဆုံးရှုံး

Share

Expedia Group သည် လွန်ခဲ့သော ၁၁နှစ် ကာလနောက်ပိုင်းတွင် ငွေကြေးဆုံးရှုံးမှု အကြီးမားဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ ဆုံးရှုံးခဲ့ကြောင်း နှင့် အမြတ်ငွေခွဲဝေမှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

Expedia သည် အွန်လိုင်းခရီးသွား Bookings လုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်နေသော ကုမ္ပဏီကြီးဖြစ်ပြီး အမြတ်ငွေခွဲဝပေးမှုကို ယခုဖြစ်ပေါ်နေသော financial crisis နှင့် ခရီးသွားလုပ်ငန်းကြီး ကောင်းမွန်စွာ ပြန်လည် မလည်မပတ်နိုင်မချင်း ခွဲဝေပေးမည် မဟုတ်ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့အကြီးအကျယ် ဆုံးရှုံးရခြင်းအကြောင်းမှာ accounting တွင် goodwill ဟုလူသိများသော ကုမ္ပဏီ၏ နံမည်ကောင်းတန်ဖိုးသည် ကျဆင်းလာခဲ့ခြင်းကြောင့်ဖြစ်ပြီး အသားတင်ဆုံးရှုံးမှုသည် ဒေါ်လာ ၂၄၈ မီလျံရှိခဲ့သည်။

ကုမ္ပဏီ၏ ဝင်ငွေသည် ၁၅% ကျဆင်းခဲ့ပြီး ဒေါ်လာ၂.၂. ဘီလျံသာ ရရှိကာ ဒေါ်လာ ၄၀၀ မီလျံ ဆုံးရှုံးခဲ့သည်။

Expedia Group မှ လုပ်ကိုင်နေသော အခြားခရီးသွားလုပ်ငန်း Brands များမှာ Expedia, Hotels.com, VRNO, Trivago, HomeAway, Orbitz, Travelocity, Hotwire, CheapTickets, CarRentals.com နှင့် CruiseShipCenters တို့ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN Business

%d bloggers like this: