0

ကိုဗစ်-၁၉ ကိစ္စရပ်များကြောင့် ဥရောပ ဗဟိုဘဏ်က ယူရို ၇၅၀ ဘီလျံတန်ဖိုးရှိ ငွေတိုက်စာချုပ်များဝယ်ယူရန်ရှိ

Share

photo: europarl

ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ဥရောပ ဗဟိုဘဏ်အနေဖြင့် ယူရို၇၅၀ ဘီလျံတန်ဖိုးရှိ ငွေတိုက်စာချုပ်များကို အစိုးရများ၊ ကော်ပိုရေးရှင်းများထံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း အံ့အားသင့်ဖွယ်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ကိုရိုးနားဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်လာမှုများကို ဗဟိုဘဏ်များ ပူးပေါင်းဖြေရှင်းသည့် ခြေလှမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။
ကမ္ဘာ့ ကပ်ရောဂါဘေး အရေးပေါ်အခြေအနေအရ ထွက်ပေါ်လာသော အဆိုပါအစီအစဉ်သည် နဂိုမူလကြံရွယ်ထားသည့် ဗဟိုဘဏ်များကို ကူညီရန် ဈေးကွက်အတွင်းသို့ ငွေအားထောက်ပံ့ပေးမည့်အစီအစဉ်သပ်သပ်ဖြင့် မအောင်မြင်နိုင်ကြောင်းသိရသည့် အချိန် ၆ ရက်ကြာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် လတ်တလော ယခု ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ ဝယ်ယူခြင်းသည် ကိုဗစ်-၁၉ ကြောင့်ဖြစ်လာသော ထိခိုက်မှုများကို ကျော်လွန်နိုင်ပြီဟု ပြောနိုင်ရန်ဖြစ်သော်လည်း ယခုနှစ်ကုန်အထိတော့ ထိခိုက်မှုများ ပြီးစီးရန်မဖြစ်နိုင်သေးကြောင်း ပါဝင်သည်။
ယခုဆုံးဖြတ်ချက်ကို ဥရောပ ဗဟိုဘဏ်၏ အဖွဲ့ဝင် ၂၅ ယောက် ဖုန်းခေါ်ဆိုခြင်း အစည်းအဝေးလုပ်ကာ ညနေပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဥရောပဗဟိုဘဏ်က ” ဥရောပသားတွေ အကုန်လုံးကို အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြခြင်းဖြစ်ပြီး ဒါဟာ တကယ့်အသည်းအသန်အခြေအနေဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့ လုပ်ပိုင်ခွင့်အတွင်း လုပ်နိုင်သမျှကို ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါကလည်း မလွဲမသွေလုပ်ရမှာဖြစ်ပြီး အချို့သော ငွေတိုက်စာချုပ်စည်းမျဉ်းနှင့်ပက်သက်သော ကန့်သက်ချက်များကို ဖြေလျှော့ သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Wealth Management Strategist တစ်ဦးဖြစ်သူ ဖရက်ဒရစ် ဒခရိုဇေးကလည်း “ဥရောပဗဟိုဘဏ်ရဲ့ အခု နောက်ဆုံးပေါ်ဆေး (ငွေအားသုံးကူညီဖြေရှင်းမှု) က ဥရောပတစ်ခွင်လုံးက စီးပွားရေးကို အပြောင်းအလဲဖြစ်စေမှာပါ။ ပြီးတော့ ငွေကြေး ခရက်ဒစ် (အကြွေးဝယ်ကဒ်) ဈေးကွက်အပါအဝင်ရောပေါ့။ ဥရောပဇုန်တွေအတွင်းက အစိုးရတွေအကုန်လုံး ငွေကြေးမူဝါဒတွေကို လိုက်လျောညီထွေ ပါဝင်ဆောင်ရွက်ခဲ့မယ်ဆိုရင် တကယ့် ဈေးကွက်အပြောင်းအလဲ Game Changer ဖြစ်လာနိုင်ပါတယ်” ဟု သုံးသပ်ထားပါသည်။
ဥရောပ ဗဟိုဘဏ်၏ ဥက္ကဌ ခရစ်စတင်း လဂါဒီကလည်း ယူရိုငွေကြေးကို ကာကွယ်ဖို့ဆိုရင် ရှိသမျှ ကိရိယာတွေအကုန်သုံးရမှာဖြစ်ကြောင်း၊ ဒီလိုငွေကြေးတစ်ခုကို ကာကွယ်ဖို့ရာ ကန့်သတ်ချက်တွေထားနေဖို့ မဖြစ်နိုင်ကြောင်း၊ သူမက ဆက်လက်ပြီး သာမန်ထက်ထူးခြားတဲ့ အချိန်ဆိုတော့ သာမန်ထက်ထူးကဲတဲ့ ဆောင်ရွက်ချက်တွေ လိုနေတာသာဖြစ်ကြောင်း ပြောကြားသွားပါသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: rte,

%d bloggers like this: