0

Disneyland အပန်းဖြေကစားကွင်းကြီးများ ပြန်လည်ဖွင့်လှစ်တော့မည်

Share

လပေါင်းများစွာ ပိတ်ထားသော Disney World အပန်းဖြေ ကစားကွင်းကြီးအား ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း Walt Disney ကုမ္ပဏီက ကြေငြာလိုက်သည်။

ဝန်ထမ်းပေါင်း ၇ သောင်းနှင့်အတူ Magic Kingdom နှင့် Animal Kingdom parks တို့အား ဂျူလိုင်လ ၁၁ ရက်နေ့တွင်လည်းကောင်း၊ EPCOT နှင့် Hollywood Studios တို့အား ဂျူလိုင်လ ၁၅ ရက်နေ့တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် Anaheim, California ရှိ Disneyland အပန်းဖြေစခန်းအား မတ်လလယ်ကတည်းက ပိတ်ထားခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ကတည်းက ပိတ်ထားခဲ့သည့် ကုမ္ပဏီ၏ အကြီးဆုံးကစားကွင်းဖြစ်သော ရှန်ဟိုင်း Disneyland အား မေလ ၁၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

ပြန်လည်ဖွင့်လှစ်မည့် Disney ကစားကွင်းကြီးများတွင် ကျန်းမာရေးလုံခြုံမှုရှိစေရန်အတွက် ဝန်ထမ်းအားလုံးနှင့် ဧည့်သည်များအား ကစားကွင်းသို့မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ mask ဝတ်ဆင်စေခြင်း၊ ကစားကွင်းသို့ဝင်ရောက်နိုင်သည့် လူဦးရေ ကန့်သတ်ထိန်းချုပ်ခြင်း၊ ငွေပေးချေရာတွင် ပိုက်ဆံအစား contactless payments များသာ အသုံးပြုစေခြင်း၊ လက်ဆေးရည်များကို နေရာအနှံ့ မပြတ်ထားရှိခြင်းနှင့် လတ်တလောတွင် မီးပန်းဖောက်ပွဲနှင့် အလှပြရှိုးပွဲများအား ရပ်နားထားခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ official website တွင်ကြေငြာထားသည်။

၂၀၁၈ ခုနှစ်တွင် လူအလာအများဆုံးဖြစ်သည့် စင်ဒရဲလား ရဲတိုက်နှင့် အာကာသစခန်းများရှိရာ Magic Kingdom သို့ ဧည့်သည်ပေါင်း သန်း၂၀ ကျော် လာရောက်လည်ပတ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်တွင် အသစ်ဖွင့်လှစ်ခဲ့သော Star Wars နှင့် Mickey & Minnie ကစားကွင်းကြောင့် Disney သည် ဒေါ်လာ ၂၆ ဘီလျံ ရှာဖွေနိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် လေးလပတ်ဝင်ငွေသည် ဗိုင်းရပ်စ်ရောဂါကြောင့် များစွာထိခိုက်ကျဆင်းခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

တဖန်ပြန်လည်ဖွင့်လှစ်တော့မည့် ကစားကွင်းကြီးများသည် ကျန်းမာရေး လုံခြုံစိတ်ချမှု အပြည့်အဝရှိသည် ဆိုသည့် message ပေးလိုခြင်းဟု ThemeParkInsider.com ၏ အယ်ဒီတာဖြစ်သူ Niles ကဆိုသည်။ “Disney ဟာ အပန်းဖြေကစားကွင်းအားလုံးရဲ့ market leader တဦးသာမကပါဘူး။ ကမ္ဘာ့ခရီးသွားလုပ်ငန်းကြီးဆိုလဲမမှားပါဘူး” ဟုသူကဆိုသည်။

ကစားကွင်းကြီးများ ပြန်လည်ဖွင့်လှစ်ခြင်းသည် လွယ်ကူသော ကိစ္စတော့မဟုတ်ပေ။ Disney ပြန်ဖွင့်ရန်အတွက် စီးပွားရေးအရ ငွေကြေးအခက်အခဲများ နှင့် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု စသည့် စိန်ခေါ်မှုများလည်း ရှိနေကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူတဦးက ဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business

%d bloggers like this: