0

Cases အသစ်များထပ်တိုးလာခြင်းကြောင့် Disney ဖွင့်မည့်ရက် ထပ်မံရွှေ့ဆိုင်း

Share

အမေရိကန်၏ စီးပွားရေးအချက်အချာအကျဆုံးမြို့ကြီး ၂ မြို့ဖြစ်သည့် ဖလော်ရီဒါနှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် ကိုရိုးနားဗိုင်းရပ်စ် cases အသစ်များထပ်မံထွက်ပေါ်လာခဲ့ခြင်းကြောင့် ပြည်နယ်အာဏာပိုင်တို့က stay-at-home အမိန့်ထပ်မံလိုက်နာရန် ဖိအားပေးနိုင်ဖွယ်ရှိပြီး ဗိုင်းရပ်စ်ပျံ့ပွားမှု ထပ်မံမထိန်းချုပ်နိုင်ပါက မရှိမဖြစ်မလိုအပ်သော စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခံရဖွယ်ရှိနေသည်။

ဂျူလိုင်လ ၁၇ ရက်နေ့တွင် ပြန်ဖွင့်မည်ဟု ကြေညာထားခဲ့သည့် Disney က သူ၏ ကယ်လီဖိုးနီးယားအခြေစိုက် Theme park ကို လာမည့် ဂျူလိုင်လ ၁၇ ရက်နေ့ထက် နောက်ကျပြီးမှသာ ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကုမ္ပဏီကကြေညာခဲ့ပြီး ပြည်နယ်အာဏာပိုင်များက ဂျူလိုင်လ ၄ ရက်နေ့အထိ ပြန်ဖွင့်ချိန်တွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းနှင့်ပါတ်သတ်၍ တစုံတရာ ထုတ်ပြန်ပေးရန်မရှိသေးပေ။

အာဏာပိုင်များထံမှ ပြန်လည်ဖွင့်လှစ်ရန် လိုအပ်သော guidelines နှင့် စည်းမျဉ်းစည်းကမ်းများ လက်ခံရရှိသည်နှင့်တပြိုင်နက် ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်ကို ကြေညာမည်ဟုလည်း ကုမ္ပဏီကဆိုသည်။

Downtown Disney District ရှိ Disney ၏ shopping center ကိုတော့ ဂျူလိုင်လ ၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။
ဖလော်ရီဒါတွင် ဗိုင်းရပ်စ် cases အသစ်များ ထပ်မံမြင့်တက်လာခဲ့ပြီး လူ ၈၅၀၀ ကျော် က Disney မဖွင့်ရန် အွန်လိုင်းမှ လက်မှတ်ထိုး အဆိုတင်သွင်းထားကြသည်။ လက်မှတ်ထိုးထားသူအားလုံးမှာ Disney ၏ဝန်ထမ်း များ ဟုတ်/မဟုတ်နှင့် အလုပ်သမားသမ္မဂ္ဂဟုတ်/မဟုတ် ကိုမူဖော်ပြထားခြင်းမရှိပေ။

ရှန်ဟိုင်းနှင့် ဟောင်ကောင်ရှိ Disney အပန်းဖြေဥယျာဉ်ကြီးများကို ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ပြီး ဂျပန်နှင့် ပဲရစ်ရှိ Disney ကစားကွင်းများကိုလည်း စီစဉ်ထားသည့်ရက်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC News

%d bloggers like this: