ကိုရိုးနားဗိုင်းရပ်စ် ကပ်ရောဂါကြောင့် Cruises သင်္ဘောကြီးများအား ၃ လကြာ ရပ်နားထားခဲ့ပြီး သဘောၤအမှူထမ်းပေါင်း ၄ သောင်းကျော်သည် လုပ်ခလစာ မရရှိဘဲ ပင်လယ်ပြင်တွင်ဆိုက်ကပ်ထားသော သင်္ဘောကြီးများပေါ်တွင် ယခုအချိန်ထိ ပိတ်မိလျက်ရှိသည်။ သင်္ဘောပေါ်တွင် ဗိုင်းရပ်စ် ပေ့ါစတစ် ပြသော လူအချို့လဲရှိနေသည်။
သင်္ဘောအမှူထမ်းများသည် မည်သည့်နိုင်ငံမှလာရောက်၍ ယခုကမ်းကပ်ထားသည့်နေရာနှင့် ပြန်မည့်နိုင်ငံအကွာအဝေးပေါ်မူတည်ပြီး နေရပ်သို့ ပြန်ရန် အခက်အခဲရှိနေကြသည်။
အချို့သောနိုင်ငံများ အထူးသဖြင့် ကာရေဗီယန်ဒေသများတွင် သဘောၤဆိပ်ကမ်းများနှင့် သင်္ဘောကုမ္ပဏီများအကြား ဆက်ဆံရေးမပြေလည်မှုကြောင့် နေရပ်ပြန်နိုင်မည့်ကိစ္စမှာ ပိုမိုခက်ခဲနေသည်။
“ကပ်ရောဂါကြီးက ကျွန်တော်တို့လုပ်ဆောင်နေတဲ့ လုပ်ငန်းပုံစံနဲ့ပါတ်သတ်ပြီး အခြေခံကျတဲ့မေးခွန်းတွေ ပြန်လည်ဆန်းစစ်ဖို့ တွန်းအားပေးနေတယ်” ဟု ဘဟားမား ပါလီမန်အဖွဲ့ဝင်ဟောင်းဖြစ်သူ Alfred Sears က ဆိုသည်။ “သူတို့တွေကြားမှာ ညီညွတ်မျှတမှုရှိတဲ့ ဆက်ဆံရေးတခု လိုအပ်နေတယ်” ဟု သူကဆိုသည်။
လွန်ခဲ့သောလက ကမ်းကပ်သဘောၤဝန်ထမ်းပေါင်း ၁ သိန်းခဲ့ရှိခဲ့ပြီး တဖြေးဖြေး အိမ်ပြန်ရောက်သွားကြပြီဖြစ်သည်။ အဓိကအခက်အခဲများမှာ နယ်စပ်ဘော်ဒါများပိတ်ထားခြင်း၊ နိုင်ငံတွင်းသို့ ပြည်တော်ပြန်များအား ဝင်ရောက်ခွင့်မပြုခြင်း၊ ပြန်ဝင်လျှင် ၂ ပတ်ကြာ quarantine ဝင်ရောက်ရန် ကုန်ကျစရိတ်များ ကျခံခိုင်းခြင်းနှင့် ကူးစက်ခံရသူများ နိုင်ငံတွင်းသို့ဝင်ရောက်ခွင့်ပြုလိုက်လျှင် ဗိုင်းရပ်စ်ကူးစက်မှု ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေသော ပြည်သူကျန်းမာရေးဌာနများကြောင့်ဖြစ်သည်။
ကမ်းကပ်ထားသည့် သင်္ဘောပေါ်တွင်ကျန်ရှိနေသည့် သင်္ဘောသားများ၏ စိတ်ကျန်းမာရေးအခြေအနေကို စောင့်ကြည့်လျက်ရှိပြီး suicides case ၂ ခုရှိခဲ့သည်။
လေယာဉ်ပျံသန်းမှုများ ရပ်နားထားသည့်အတွက် အချို့၏ အိမ်ပြန်လမ်းသည် ကွေ့ပတ်သွားရသည်ဆိုခြင်းထက် များစွာပိုခက်ခဲသည်။ Royal Caribbean သင်္ဘောလိုင်း၏ မြူးဇစ်ဒါရိုက်တာ ဖြစ်သူ Brono Cruells တယောက် အာဂျန်တီးနားရှိ နေအိမ်သို့ပြန်ရောက်ရန် သင်္ဘော ၃ ကြိမ်ပြောင်းစီးခဲ့ရပြီးနောက် လေယာဉ်ခရီးစဉ် ၄ ခုဖျက်သိမ်းခံခဲ့ရကာ ပင်လယ်ထဲတွင် ရက်ပေါင်း ၈၀ ကြာမှ အိမ်သို့ပြန်ရောက်ခဲ့သည်။ သူနှင့်အတူ အခြားခရီးသည် ၂၅၁ ယောက်တို့သည် ဂျွန်လ ၃ရက်နေ့မှသာ အိမ်ပြန်ရောက်ခဲ့ကြသည်ဟု သူကဆိုသည်။
Carnival သင်္ဘောလိုင်းက အလုပ်သမားဝန်ထမ်း ၃ထောင် ကို ဥရောပကိုဖြတ်ကျော်ပြီး သူတို့နေထိုင်ရာအရပ်သို့ ပြန်နိုင်ရန်ရန်အတွက် ခရိုအေးရှားသို့ အရောက်ပို့ပေးခဲ့သည်။
Mauritia မှလာသော လူ ၉ ဦးသည် Carnival Island Princess သဘောၤပေါ်တွင် ဧပြီလကတည်းက ပိတ်မိနေခဲ့ပြီး လုပ်ခလစာလဲမရရှိကြပေ။ Mauritius မှအာဏာပိုင်များနှင့် ငွေကြေးကုန်ကျမည့် quarantine ဝင်ရန်ကိစ္စအား သဘောၤကုမ္ပဏီများနှင့် ညှိနှိုင်းမှုများညှိနှိုင်းနေစဉ် ကြားညပ်နေခဲ့သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (U.S CDC) က အမေရိကန်ပင်လယ်ပြင်တွင် ဂျူလိုင်လ ၂၄ရက်ထိ မည်သည့်သင်္ဘောမှ ဆိုက်ကပ်ခွင့်မပြုကြောင်း ကြေငြာထားသည်။ Royal Caribbean, Carnival နှင့် အခြားသင်္ဘောလိုင်းများသည် သြဂုတ်လ အစောပိုင်းတွင် သင်္ဘောများပြန်လည်ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းထားကြသည်။
Source: Daily News