တရုတ်ကုမ္ပဏီက ဆူဒန်နိုင်ငံသို့ ကုန်တင်ရထားတွဲများတင်ပို့

တရုတ်ကုမ္ပဏီ CRRC Ziyang က အာဖရိက၊ ဆူဒန်နိုင်ငံသို့ ကုန်တင်ရထာတွဲများ ပို့ဆောင်ခဲ့သည်ဟု ဆူဒန်ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဟီရှန် အဘူဇိဒ် (Hishan Abu-Zaid) က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
အဆိုပါ ရထားတွဲများ၏ တန်ဖိုးမှာ ဒေါ်လာ ၅၁.၆ သန်း ဖြစ်ပြီး ဆူဒန်အနေဖြင့် တရုတ်ကုမ္ပဏီအား ကြိုတင်ပေးချေငွေ ၃၀% ပေးချေထားသည်ဟု ဝန်ကြီးကဆိုသည်။

CRRC Ziyang သည် တရုတ်အစိုးရပိုင် CRRC Corporation (China Railway Rolling Stock Corporation) လက်အောက်ခံကုမ္ပဏီဖြစ်ပြီး ဆူဒန်နိုင်ငံ၏ ရထားလမ်းကြောင်း ကွန်ယက်ပြန်လည်ဖေါ်ဆောင်ရေးကို တရုတ်က ပံ့ပိုးနေခြင်းဖြစ်သည်။
ဆူဒန်၏ ရထားလမ်းကြောင်းကွန်ယက်များ ပြန်လည်ဖေါ်ဆောင်ရေးစီမံကိန်းမှာ ဒေါ်လာ သန်း ၆၄၀ ခန့် တန်ဖိုးရှိသည်။

ဆူဒန်နိုင်ငံသည် တောင်ပိုင်းမှ South Sudan အဖြစ် သီးခြားနိုင်ငံအဖြစ် ခွဲထွက်သွားခဲ့ပြီးနောက် နိုင်ငံ၏ ရေနံထုတ်လုပ်ရေး ၄ ပုံ ၃ ပုံမှာ တောင်ဆူဒန် (South Sudan) ဘက်ခြမ်းသို့ ပါသွားခဲ့သည်။
ဆူဒန်နိုင်ငံတွင် ယမန်နှစ်က စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စီးပွားရေးအကြပ်အတည်းများ ဖြစ်ပွားနေစဉ်အတွင်း ရထားလမ်းစီမံကိန်းကို လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

ဆူဒန်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲနှင့် စီးပွားရေးအခြေအနေများအကြား စီမံကိန်းမှာ ခက်ခဲနေဖွယ်ရှိပြီး အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့ဘဏ်နှင့် အခြားအဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Railway Technology, Barrons, CRCCGC, Fora Financial
Image: Standford Edu

Share