0

Covid-19 ကထာဝရပြောင်းလဲပေးမယ့် အလုပ်လုပ်မှုပုံစံ

Share

လွန်ခဲ့တဲ့ ၅ လတာကာလ အတွင်း ကိုရိုးနားဗိုင်းရပ်စ် ကပ်ရောဂါကြီး တကမ္ဘာလုံးကိုပျံ့နှံ့လာပြီးနောက် လူတွေရဲ့နေ့စဉ် နေထိုင်မှု လူ့ဘဝဟာ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ အမေရိကမှာဆိုရင် ဗိုင်းရပ်စ်ကြောင့် Essential workers ဆိုတဲ့ မရှိမဖြစ်လိုအပ်တဲ့ အလုပ်သမား လူတန်းစားတရပ် ထွက်ပေါ်လာခဲ့ပြီး ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေဟာ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြသလို အလုပ်လက်မဲ့နှုန်းဟာလည်း ဆက်တိုက် မြင့်တက်လျက်ရှိပါတယ်။

အမေရိကားမှာ အလုပ်လက်မဲ့နှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၆ ပတ်အတွင်း သန်း ၃၀ ကျော်ခဲ့ပြီး အမေရိကန်ကတော့ ၂၀၂၁ မှာ ကိုရိုးနားဗိုင်းရပ်စ်က recession တခုသယ်ဆောင်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သို့သော်လည်း ကမ္ဘာတဝှမ်းလုံးက လူတွေ အိမ်ထဲမှာနေထိုင်စဉ်ကာလတွေမှာ နေ့စဉ်ရုံးတက်နေရတဲ့ ဝန်ထမ်းတွေရဲ့အလုပ်လုပ်မှု ပုံစံဟာ သိသိသာသာပြောင်းလဲလာခဲ့ပါတယ်။ ရုံးခန်းထဲမှာတနေကုန်ထိုင်ပြီး ဖုန်းတလုံး ကွန်ပြူတာတလုံးနဲ့အလုပ်လုပ်နေခဲ့သူတွေဟာ အခုတော့ အွန်လိုင်း Meeting ကို အိပ်ခန်းထဲက ဆိုဖာ သို့မဟုတ် အိပ်ယာ ပေါ်ကနေ အလုပ်လုပ်နေကြပါပြီ။ ဗိုင်းရပ်စ်ကြောင့် နေ့စဉ်လူနေထိုင်မှုဘဝကနေ ယာယီခဏတာ ပြောင်းလဲနေထိုင်နေရတယ် ဆိုပေမဲ့ အချို့ အလုပ်လုပ်တဲ့ အမူအကျင့်တွေကို ကိုရိုးနားဗိုင်းရပ်စ်က ထာဝရပြောင်းလဲပေးပါတော့မယ်။

ရုံးခန်းမဟုတ်လဲ အလုပ်လုပ်နိုင်တယ်။
အလုပ်လုပ်ဖို့အတွက် လူတွေစုံဖို့စုဝေးကြရဦးမှာပါပဲ။ ဒါပေမဲ့ မြောက်များစွာသော အချို့ဝန်ထမ်းတွေဟာ ရုံးခန်းထဲမှ ပြောင်းရွှေ့အလုပ်လုပ်ကြလာတာကြောင့် ကုမ္ပဏီတွေဟာ သူတို့ရဲ့ပင်မရုံးခန်းထဲမှာပဲ အလုပ်လုပ်လို့ရတယ်ဆိုတဲ့ ဓလေ့ကနေ ကွဲထွက်ပြီး ဝန်ထမ်းတွေကို ဘယ်နေရာကနေပဲဖြစ်ဖြစ် အလုပ်လုပ်နိုင်တဲ့ အခြေအနေတွေ၊ facilities တွေ၊ co-working spaces တွေ ပံ့ပိုပေးလာပါတယ်။ ဒါကြောင့် အခြားတနေရာကနေ အလုပ်လုပ်တဲ့ culture ဟာ အနာဂတ်မှာ ပိုမို ရေပန်းစားလာမှာဖြစ်ပါတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကလဲ ရုံးချုပ်ဆိုတာထက် regional hubs တွေ ပိုပြီးဖွင့်လှစ်လာပါလိမ့်မယ်။

Meeting အများစုဟာ email နှင့် IM (instant messages) တွေနဲ့အစားထိုးလာနိုင်ပါတယ်။
ရုံးခန်းထဲမှာ စုပြီး အလုပ်အတူတူလုပ်စရာမလိုတဲ့ team members တွေအတွက် ရုံးခန်းထဲမှာ ထိုင်ပြီး ဖုန်းခေါ်ဆိုတာတွေ meeting တွေအစား video meeting တွေက အစားထိုးလာပါတော့မယ်။

Business Travel တွေပျောက်ကွယ်လာနိုင်ပါတယ်။
အခုအချိန်မှာ ခရီးသွားခြင်း ရပ်တန့်သွားတာကြောင့် telecommuting က ကုမ္ပဏီတွေအတွက် အသုံးစားရိတ် ပိုမိုသက်သာစေပြီး အချို့ Meeting တွေဟာ တကူးတက ခရီးသွားမသွားလည်းပဲ အွန်လိုင်းကနေ Video meeting နဲ့အလုပ်ဖြစ်နေတာကို သဘောပေါက်လာကြပါပြီ။

အနာဂတ်မှာ ရုံးခန်းဖွဲ့စည်းပုံတွေ ပြောင်းလဲလာမယ်။
အရင်ကလို ရုံးခန်းနံရံကြီးတွေနဲ့ တသီးတသန့်ထားပြီး အလုပ်လုပ်ကြတာထက် conference hall တွေ meeting တွေ အလွယ်တကူပြုလုပ်နိုင်တဲ့ နေရာကျယ်ကျယ်ဝန်းဝန်းကို ပိုမိုဖွဲ့စည်းလာပါလိမ့်မယ်။ အရင်က ဦးစားပေးတဲ့ Privacy booths တွေထက် အလုပ်ကိုသာ ပိုမိုအာရုံစိုက်နိုင်မယ့် open spaces နေရာကျယ်တွေ၊ အလွယ်တကူ နေရာချ တပ်ဆင်နိုင်တဲ့ ခုံ စားပွဲ ကုလားထိုင်တွေ ကို အသုံးပြုလာပါလိမ့်မယ်။ နောက်ပြီး တကိုယ်ရည်သန့်ရှင်းရေးကို ပိုမိုအလေးပေးတဲ့ cleaning kits တွေ၊ လက်ဆေးရည်၊ ရောဂါပိုးသတ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေ ပိုမိုထည့်သွင်းလာပါမယ်။

Shared spaces တွေမှာဆိုရင် အထိအတွေ့နည်းမယ့် facilities တွေ ဥပမာ- ခလုပ် နိုပ်စရာမလိုတဲ့ ဆင်ဆာ တံခါးတွေ၊ ဘေစင်တွေနဲ့အသံနှင့် ခိုင်းစေနိုင်တဲ့ ဓါတ်လှေခါး စတဲ့ ပစ္စည်းတွေကို ပိုမိုအသုံးပြုလာပါမယ်။ Architects တွေကလည်း deep-cleaning မကြာခဏ လုပ်ပေးနိုင်မယ့် အဆောက်အဦး ဒီဇိုင်း ၊ ပရိဘောဂ နှင့်ကြမ်းပြင် အနေအထားတွေကို ဦးစားပေးတဲ့ ဒီဇိုင်းတွေကို ပိုမိုရေးဆွဲလာပါလိမ့်မယ်။

လုပ်ခန်းခွင်မှာ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေက အလေ့အကျင့်တခုလိုဖြစ်လာပါလိမ့်မယ်။
ကိုယ်တွင်းအပူချိန်တိုင်းတာခြင်း၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု စစ်ဆေးခြင်းတွေဟာ ယခုအချိန်မှာ ကုမ္ပဏီတော်တော်များများမှာ စတင်လုပ်ဆောင်နေပြီဖြစ်သလို အနာဂတ်မှာတော့ လုပ်ငန်းခွင်တိုင်းမှာ ကျင့်သုံးတဲ့ ပုံမှန် အလေ့အကျင့်တခုလို ဖြစ်လာပါမယ်။

9-5 Office Hours ဟာ ခေတ်နောက်ကျခဲ့ပါပြီ။
9-5 office hours ထက် အလုပ်ပြီးမြောက်မှုနဲ့ ပတ်သက်ပြီး အလုပ်ရှင်နှင့် ဝန်ထမ်းတို့ တဦးနှင့် တဦးယုံကြည်မှုနှင့် လေးစားမှုက ပိုမိုအရေးပါလာပါပြီ။ ဒါ့ကြောင့် အလုပ်မဖြစ်တော့တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ပစ်ပယ်ပြီး ဝန်ထမ်းတွေ လွတ်လပ်စွာ အလုပ်ပြီးမြောက်စွာလုပ်နိုင်ဖို့တိကျ ထိရောက်တဲ့ schedule တွေရေးဆွဲဖို့တာဝန်ဟာလည်း အရေးကြီးပါတယ်။ အရေးကြီးဆုံးကတော့ အထက်အရာရှိ နှင့် လက်အောက်ဝန်ထမ်းများသာမက လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချင်းချင်း လေးစားမှု ယုံကြည်မှုရှိနေဖို့က အဓိကပါပဲ။

ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။
Source: CNBC news

%d bloggers like this: