0

ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ သက်ရောက်မှုများကြားမှ အိမ်ခြံမြေဈေးကွက်အခြေအနေ

Share

 

ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ထိခိုက်သူများစာရင်းတွင် ကမ္ဘာတဝှမ်းရှိ အိမ်ခြံမြေ အကျိုးဆောင်များ၊ ဝယ်သူ၊ ရောင်းသူများလည်း ပါဝင်လာခဲ့သည်။ နယူးယောက်မြို့ပေါ်ရှိ အိမ်ခြံမြေ ဝယ်ရောင်း ကိစ္စများတွင် ဝယ်လက်ကို အိမ်လိုက်ပြသည့် အကြိမ်ရေများကို ကန့်သတ်ခြင်း၊ လျှော့ချခြင်းများ ရှိလာခဲ့သည်။ အိမ်ခြံမြေ ပွဲစား၊ အကျိုးဆောင်များကြား FaceTime ကဲ့သို့ သော Video Call ခေါ်၍ အိမ်ပြရခြင်း၊ အိမ်အခြေအနေရှင်းပြရခြင်းမျိုးများ ရှိလာသည်ဟု သိရသည်။ အချို့နေရာများတွင် အိမ်လိုက်ပြသည့် ဝန်ဆောင်မှုကို လုံးဝ ရပ်ဆိုင်းလိုက်ခြင်းများ ရှိနေခဲ့သည်။
အိမ်လိုက်ကြည့်သူများသည် အိမ်အဝင်အထွက်တွင် ဖိနပ်များလဲစီးရခြင်း၊ လက်များကို သန့်ရှင်းဆေးကြောရခြင်းများ ပြုလုပ်ရပြီး အိမ်မကြည့်ခင် ကြိုတင်ချိန်းဆိုမှုများ၊ အိမ်တွင် ဝင်ရောက်ခွင့် လုံးဝပိတ်ပင်မှုများကိုလည်း တွေ့ကြုံနေရသည်။
မကြာခင် သီတင်းပတ်မတိုင်ခင်က လုပ်ငန်းများ၊ ကျောင်းများပိတ်သိမ်းမှုများ ရှိခဲ့ရာ နိုင်ငံလုံးဆိုင်ရာ အိမ်ခြံမြေအသင်း National Association of Realtors မှ စစ်တမ်းထုတ်ပြန်ချက်အရ အိမ်ရောင်းလိုသူ ၂၅% ခန့်သည် ဝယ်လက်များအပေါ် သတ်မှတ်ထားချက် အပြောင်းအလဲများပြုလုပ်ခဲ့ကြောင်းသိရသည်။
အထက်တွင် ဖေါ်ပြထားသည့် လက်ဆေးရန်ကိစ္စများ၊ ဖိနပ်လဲစီးရန် အပါအဝင် အိမ်တွင်းရှိ မီးဖိုချောင်၊ ရေချိုးခန်း စသည်များကို လက်ဖြင့် ကိုင်တွယ်ခြင်းများမပြုလုပ်ရန် စသည့် အချက်များ ပါဝင်လာခဲ့သည်။
သြစတေးလျတွင်လည်း အိမ်ခြံမြေဆိုင်ရာ ကိစ္စများမှာ အလွဲလွဲအချော်ချော်ဖြစ်လာခဲ့သည်။
မစ္စ လမစီရာ ဆိုသူက “ကျွန်မတို့ အရင်အပတ်ကမှ တိုက်ခန်းလေးရောင်းလိုက်တာ၊ ပြီးတော့ ဒီဗိုင်းရပ်စ်ကိစ္စတွေက ပေါ်လာရော။ ခုတော့ ငှားနေဖို့ တစ်နေရာရာကို လိုက်ရှာနေရပြီ။” ဟု ဆိုသည်။
သြစတေးလျတွင် အချို့က အိမ်ရောင်းရန် ကြော်ငြာ တင်ပြီးကာမှ ပြန်လည်မရောင်းလိုသူများ၊ ဗိုင်းရပ်စ်ရှောင်ရန် အတွက် ယခင်က အိမ်ရှာချိန်ကြာနေသူများက မြန်မြန်ဝယ်ယူလိုမှုများလည်း ရှိနေသည်။ “ဒီဗိုင်းရပ်စ် ကိစ္စဖြစ်နေတာတောင် နိုင်ငံခြားက ရောက်လာပြီး အချိန်မဆွဲဘဲ အိမ်ဝယ်နေတဲ့ နိုင်ငံခြားသားတွေလည်း ရှိတယ်။ FIRB ခွင့်ပြုချက်နဲ့ ဒီအပတ်ထဲမှာ ကျွန်မတို့ အိမ်ရောင်းလိုက်တယ်။ တစ်ခါမှ ဒီလောက်မြန်မြန်ဆန်ဆန်ဝယ်တာမျိုး မကြံဖူးဘူး။” ဟု မစ္စ မာဖီ က ဒိုမိန်း (သြစတေးလျ) ကို ပြောသည်။ အိမ်ခြံမြေနှင့်ပက်သက်၍ အကောင်းရော၊ အဆိုးရော ရောထွေးနေမှုများ ကမ္ဘာတဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည်။ အိမ်ရှင်များက ရောင်းသင့်မရောင်းသင့် ပိုမိုစဉ်းစားလာနေကြသည်။
McGrath Coogee အရောင်း ကိုယ်စားလှယ် အန်းဂတ်စ် ဂိုရီက သူ့အနေဖြင့် ယခုအပတ်တွင် အိမ် ၂ လုံး ရောင်းချခဲ့ကြောင်း၊ ဝယ်သူအရေအတွက်ကမူ လျော့ကျလာကြောင်းပြောသည်။ “သိတဲ့အတိုင်းပဲ။ ကျတာ့ ကျလာတယ်ဗျ။ တကယ့် ဝယ်လက်တွေတော့ တွေ့လာတယ်။ အတိုးနှုန်းတွေ လျှော့လိုက်တာလည်း ပါမယ်” ဟု သူက ပြောသည်။ ယခုအချိန်တွင် ဝယ်လက်များ ပို၍ လက်တွေ့ကျလာကြောင်း (အိမ်ရှာမည်၊ အိမ်ကြည့်ချိန် ရက်ချိန်းယူမည်၊ ငွေချေသည့်ကိစ္စများ မြန်ဆန်လာခြင်း) သူက ဆက်လက်ပြောကြားသည်။ စတော့ခ်ဈေးကွက်အခြေအနေကျဆင်းလာခြင်းက အိမ်ဝယ်လက်များကို ပိုမိုအားသာလာစေသည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics

source: domain, au, businesstimes, sg, pinterest

%d bloggers like this: