0

ကိုရိုးနားဗိုင်းရပ်စ် ကြောင့် ခရီးသွားလုပ်ငန်းအလုပ်အကိုင်များ သန်း ၅၀ ထိ ဆုံးရှုံးနိုင်

Share

photo: bloomberg

ကမ္ဘာပေါ်ရှိ အစိုးရအရပ်ရပ်တို့၏ တိုင်းတာဆန်းစစ်ချက်များအရ ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနယ်ပယ်တွင် အလုပ်အကိုင် သန်း ၅၀ ထိ ဆုံးရှုံးလာနိုင်ကြောင်း သိရပါသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြောင့် လေယာဉ်များ ရာနှင့်ချီ ရပ်ထားရပြီး ဒါဟာလည်း ၂၀၂၀ ခုနှစ်ခရီးသွားလုပ်ငန်းအတွက် ရာခိုင်နှုန်း ၂၅% ထိ သက်ရောက်မှုရှိနိုင်ကြောင်း ကမ္ဘာ့ခရီးသွားလာရေး၊ လုပ်ငန်း အဖွဲ့က ထုတ်ပြန်ထားပါသည်။
ထို့အပြင် ယင်းအဖွဲ့ကပင်ဆက်လက်၍ တစ်ကမ္ဘာလုံး ခရီးသွားလာရေးနှင့်ပက်သက်သော အလုပ်အကိုင်များမှာ ၁၆% ရာခိုင်နှုန်းခန့် အလုပ်အကိုင်ဆုံးရှုံးဖို့ရာ ရှိနေပြီး၊ ယင်းကဲ့သို့ ထုတ်ပြန်ချက်သည် ၂၀၁၈ ခုနှစ်၊ အလုပ်အကိုင် ၃၁၉ သန်းအပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်ကြောင်း ဆိုပါသည်။
ညွှန်ကြားရေးမှူး ဗာဂျီးနီးယား မက်ဆီနာက “ဝင်ငွေ လုံးဝမရှိပဲနဲ့ ကုမ္ပဏီတွေ ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာ အဓိက ကျလာပါတယ်။ ခရီးစဉ်တွေ ဖျက်သိမ်းလို့ လက်မှတ်ခနဲ့ အခြား ဟိုတယ်စရိတ်လိုကုန်ကျတာတွေကို ပြန်အမ်းနေရာတာက တကယ့် ကိစ္စဖြစ်လာပါပြီ” ဟု ဆိုသည်။
ထို့ပြင် အဆိုပါဒဏ်ကို အခံရနိုင်ဆုံး ခရီးသွားလာရေး ကုမ္ပဏီများမှာ တရုတ်ခရီးသွားများနှင့် ဆက်စပ်မှုအများဆုံး လုပ်ငန်းများဖြစ်ကြောင်း၊ တရုတ်လူမျိုးများမှာ ခရီးသွားလာရာတွင် ငွေကုန်ကြေးကျ အခံကြဆုံးဖြစ်ရာ နောက်ဆက်တွဲအနေဖြင့် ဇိမ်ခံသင်္ဘောများပါ ပါဝင်လာကြောင်းဆိုပါသည်။ အချို့နိုင်ငံများသည် အဆိုပါ သံသယရှိ ဇိမ်ခံသင်္ဘောများကို ကမ်းပင်ကပ်ခွင့်မပြုခြင်းများ ရှိနေကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းသည် အကြီးအကျယ် ထိခိုက်မှုကို ခံစားနေကြဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ခံနိုင်ရည်ရှိလာခြင်း၊ နာလန်ပြန်ထူနိုင်လာခြင်းများ ရှိကြောင်းလည်း သူမက ပြောကြားသည်။
ဆိုးဆိုးရွားရွားဒဏ်ခံနေရသည့် ကိစ္စပေါင်း ၉၀ ကိုလေ့လာပြီးနောက် ယခုထိခိုက်မှုများကို ကုစားရန် အချိန် ၁၀လ မျှ ကြာမည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics

source: bloomberg
photo: bloomberg

%d bloggers like this: