0

Covid-19 ကြောင့် ကမ္ဘာကြီး နေမကောင်းဖြစ်နေတဲ့ချိန်မှာ ဘဝအမောတွေ ပြေစေဖို့ April FOOLs’Day မှာ စနောက်ခဲ့တဲ့ company တစ်ခုရဲ့ ဟာသ

Share

နှစ်စဉ် April 1 ရက်နေ့တိုင်းမှာ ကမ္ဘာ့ company ကြီးတွေဟာ နောက်ပြောင်ပြီး Status တွေ သတင်းတွေ တင်ကာ စနောက်လေ့ ရှိကြပါတယ်။ ဒီနှစ်မှာတော့ Google နှင့် T-Mobile တို့လို Company ကြီးတွေက Coronavirus ကူးစက်ရောဂါဖြစ်ပွားနေမှုကြောင့် သူတို့ရဲ့ စနောက်မှုတွေကို မလုပ်ဖြစ်ဘူးလို့ပြောခဲ့ကြပေမဲ့ အခြား သြစတေးလျ မှ Online Education Company တစ်ခုကတော့ စိတ်အမောတွေ ပြေစေဖို့နောက်ပြောင်တဲ့ ဟာသ လေး တစ်ခုတင်ခဲ့ပါတယ်။

အဲ့တာကတော့ သူတို့ရဲ့ Online သင်ရိုးသစ်တစ်ခုဖြစ်ပြီး အမည်ကတော့ “Diploma of Quarantine Survival” ဆိုတဲ့ ဒီပလိုမာတစ်ခုကို မိတ်ဆက်ခဲ့တာပါ။ သင်တန်းကြေးအတွက် ကုန်ကျမှာတွေကတော့ “ $750 ဒါမှမဟုတ် အလွှာတစ်ခုစီပါတဲ့ တစ်ခါသုံး Toilet  စက္ကူ တစ်လိပ်ခွဲ “ ဘဲ ဖြစ်ပါတယ်။

ယခင်နှစ် April fools’ Day တုန်းက နောက်ပြောင်ခဲ့တဲ့ Google ရဲ့ ဓာတ်ပုံတစ်ခု

အဆိုပါ သင်ရိုးကို TEEPEE101 ဟု ခေါ်ဆိုထားပြီး အိမ်သုံး စက္ကူတွေ ရယ် ၊ တီရှယ်တွေနဲ့ ခေါင်းအုံးတွေ ကို အသုံးပြုကာ သင်ကြားရမှာဖြစ်တယ်လို့ နောက်ပြောင်ထားတယ်လို့ သိရပါတယ်

Source | cnet | Technews | aprilfools’jokes

%d bloggers like this: