လက်တင်အမေရိကားနိုင်ငံများတွင် ပြီးခဲ့သည့် ၇ရက်အတွင်း Covid-19 cases အသစ်များ မြင့်တက်လာသောကြောင့် ကိုလီဘီယံ၏ မြို့တော်ကြီးများကို lockdown ပြန်ချရန်ဆုံးဖြတ်လိုက်ကြသည်။
ကိုလံဘီယာသည် လက်ရှိတွင် လက်တင်အမေရိကား၌ ဗိုင်းရပ်စ်ကူးစက်ခံရမှုအများဆုံး အဆင့် ၅ တွင်ရှိပြီး ပြီးခဲ့သည့် ၇ရက်အတွင်း စုစုပေါင်း cases ၏၂၀% မှတ်ပုံတင်ခဲ့ကြောင်း ကိုလံဘီယာကျန်းမာရေး ဝန်ကြီးဌာနမှ ကောက်ယူထားသော data များအရသိရှိရသည်။
တနင်္လာနေ့ညနေပိုင်းတွင် နိုင်ငံတွင်း Covid-19 cases အသစ် ၃,၈၃၂ ခုရှိခဲ့ပြီး စုစုပေါင်း ၁၅၄,၂၇၇ cases ရှိကာ အနည်းဆုံး လူ ၅၄၅၅ ဦးသေဆုံးပြီးဖြစ်သည်။
မြို့တော် Bogota တွင် cases ၃၀% ကျော်မှတ်ပုံတင်ခဲ့ပြီး မြို့တော်ဝန် Claudia López က မြို့ကို အပိုင်း ၃ ပိုင်းခွဲ၍ lockdown ပြန်ချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Lockdown ကာလတွင် မဖြစ်မနေဖွင့်ရန်လိုအပ်သည့် ဆိုင်များသာဖွင့်ခွင့်ပေးထားပြီး အိမ်ထောင်စုတစုလျှင် လူတဦးသာ အပြင်ထွက်၍ အစားအသောက်၊ ဆေးဝါးနှင့် လိုအပ်သည့်အသုံးအဆောင်များ ဝယ်ခွင့်ပြုမည်ဖြစ်သည်။
Covid-19 cases ပြန်တိုးမှု အနည်းဆုံးဖြစ်သည့် ကိုလံဘီယာ၏ ဒုတိယအကြီးဆုံးမြို့တော် Medellin တွင်လည်း lockdown ပြန်ချမည်ဖြစ်သည်။
ကိုလံဘီယာတွင် ဒေသတွင်းကိုရိုးနားဗိုင်းရပ်စ်ပျံ့ပွားမှုပြန်လည်မြင့်တက်လာခဲ့ပြီး အခြားမြို့များတွင် ကူးစက်မှုအနည်းငယ်သာမြင့်တက်လာသော်လည်း အဓိကနေရာ(၂)နေရာဖြစ်သည့် Bogota နှင့် မြောက်အတ္တလန္တိတ် ကမ်းရိုးတန်းတို့တွင် cases 50% ကျော်ရှိလာခဲ့ကြောင်း ကိုလံဘီယာကျန်းမာရေးဝန်ကြီးဌာန၏ data များအရ သိရှိရသည်။
စီးပွားရေးလုပ်ငန်းများပြန်လည်စတင်ခွင့်ပြုရန် ကိုလံဘီယာအစိုးရမှာ အကြပ်ရိုက်လျက်ရှိပြီး အထူးသဖြင့် ကိုရိုးနားဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိသည့် နေရာများတွင် lockdown ချထားမှုကြောင့် ထိခိုက်ခံခဲ့ရသည့် နေရာများတွင် စီးပွားရေးပြန်လည်စတင်ခွင့်ပေးဖို့ အစိုးရအားဖိအားပေးလျက်ရှိသည်။
ကိုလံဘီယာမြို့ပြကြီးများတွင် အလုပ်လက်မဲ့နှုန်းသည် မေလ၌ ၂၅%ထိရောက်ရှိခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားစီမံခန့်ခွဲရေးဌာန၏ အချက်အလက်များအရသိရှိရသည်။
Source: BBC News
Photo: Guillermo Legaria/Getty Images
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။