အမေရိကန်ဝေဟင်ပိုင်နက်အတွင်း သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူးဖောင်းတစ်လုံးကို တွေ့ရှိခဲ့သောကြောင့် ကမ္ဘာ့စီးပွါးရေး အင်အားကြီး ပြိုင်ဖက် ၂ နိုင်ငံ၏တင်းမာမှု ပိုမိုတိုးပွားလာခဲ့သည်။
သံသယရှိဖွယ် အဆိုပါမိုးပျံပူဖောင်းကို မွန်တားနားပြည်နယ် အထက် ပေ ၄၀,၀၀၀ ကျော်တွင်ပျံသန်းနေသည်ကို တွေ့ရှိခဲ့ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့ကဆိုသည်။ အဆိုပါတည်နေရာသည် အမေရိကန်လေတပ်၏ တိုက်ချင်းပစ်ဒုံးကျည် Air Force’s 341st Missile Wing နှင့် ၎င်း၏ Minuteman III တို့ထားရှိရာ အခြေစိုက်စခန်း ဖြစ်သောကြောင့် တင်းမာမှုပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကဘေဂျင်းသို့ အလည်အပတ် မရောက်မီ ရက်ပိုင်းအလိုအတွင် အဆိုပါမိုးပျံပူဖောင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC, The Guardian
Photo: AP News