အခု ဧပြီလအကုန် လေးလပတ်စာရင်းတွေချုပ်တဲ့အခါမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ အရင်နှစ်တွေနဲ့ယှဉ်ရင် ၆.၈ ရာခိုင်နှုန်းကျသွားခဲ့ပါတယ်။ ဒါဟာပြီးခဲ့တဲ့ ကပ်ရောဂါကာလအတွင်း ပြည်သူတွေဟာ သူတို့လက်ထဲက ငွေကြေးတွေကို သုံးစွဲဖို့အခွင့်အရေးနည်းခဲ့တာကြောင့် ငွေကြေးတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ စီးဆင်းမနေဘဲ ပြည်သူတွေရဲ့လက်ထဲမှာ အိုင်နေတဲ့ သဘောသက်ရောက်နေပါတယ်။ ဒီလိုအခြေအနေကို ကျော်လွှားပြီး နိုင်ငံတွင်း ဝယ်လိုအားတွေ ထိုးတက်လာစေဖို့အတွက် နိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် အကြီးဆုံး online shopping ပွဲတော်ကြီးကို ကျင်းပဖို့ လုပ်ဆောင်နေပါပြီလို့ တရုတ်နိုင်ငံရဲ့ စီပွားကူးသန်းဝန်ကြီးဌာနက ကြေငြာလိုက်ပါတယ်။
ဒီပွဲတော်ကြီးမှာတော့ ကုမ္ပဏီပေါင်း ၁၀၀ကျော် ပါဝင်သွားမှာဖြစ်ပြီး လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို အပ်ကစလို့ ဒုံးပျံအထိ ရောင်းပေးနိုင်အောင် ခင်းကျင်းပြသ ရောင်းချပေးသွားမှာလို့ သိရပါတယ်။ ဒါ့အပြင် ဈေးဝယ်သူတွေအနေနဲ့ အထူးလျော့ဈေးတွေ၊ ကံစမ်းမဲတွေ၊ လက်ဆောင်တွေပါ ရရှိနိုင်မှာမို့ တစ်နိုင်ငံလုံး အုံးအုံးကြက်ကြက်ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီတွေက လှုံဆော်ထားပါသေးတယ်။ တရုတ်နိုင်ငံဟာ ခုဆိုရင် စီးပွားရေးပြန်နာလန်ထူဖို့အတွက် ပြည်တွင်းကနေ စကြိူးစားဖို့ ရည်ရွယ်နေပုံရပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန် ကုန်ပစ္စည်းတွေ တင်ပို့နေတဲ့ နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သူ့အပူမီးနဲ့သူ သောကပွားနေတာကြောင့်ပါ။
ဒါကြောင့် ဒီလေးလပတ်စာရင်းချုပ်တဲ့အချိန်မှာ နိုင်ငံတွင်း လူသုံးကုန်လက်လီရောင်းဝယ်ရေး ကဏ္ဍဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် ၁၉ရာခိုင်နှုန်းတောင် ကျသွားတဲ့အတွက် ဒီကဏ္ဍကို ပထမဦးစာပေးအနေနဲ့ မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။ ဒီ online shopping ဈေးရောင်းပွဲတော်ကြီးဟာ လာမဲ့ ဧပြီလ ၂၈ရက်နေ့ကနေ မေလ ၁၀ရက်နေ့ထိကြာမြင့်မှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနအပြင်၊ စက်မှုနဲ့ နည်းပညာဝန်ကြီးဌာန၊ တရုတ်နိုင်ငံ စာတိုက်ဦးစီးဌာနနဲ့ တရုတ်နိုင်ငံစာသုံးသူများအသင်းချုပ်တို့က ပူးတွဲ ပါဝင် ကူညီသွားကြမှာဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Xinhua