0

အခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း တရုတ်နိုင်ငံသည် ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ပဲပိစပ်များကို ပိုမိုတင်သွင်းခဲ့သည်

Share

တရုတ်နိုင်ငံ အကောက်ခွန်ဌာနက ရရှိတဲ့ အချက်အလက်တွေအရ ခုနှစ်ရဲ့ ဇန်နဝါရီလကနေ ဧပြီလအတွင်း တရုတ်နိုင်ငံဟာ ရေနံစိမ်း၊ သဘာဝဓါတ်ငွေ့နဲ့ ပဲပိစပ်တွေကို အရင်နှစ်တွေကထက် ပိုပြီး တင်သွင်းခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလေးလပတ် ကာလအတွင်း တရုတ်နိုင်ငံဟာ ရေနံစိမ်း တန်ချိန်ပေါင်း သန်း ၁၇၀ တင်သွင်းခဲ့ပြီး အရင်နှစ်ကထက် ၁.၇ ရာခိုင်နှုန်း ပိုလာခဲ့ကာ သဘာဝဓါတ်ငွေ့ ကဏ္ဍမှာလည်း ၁.၅ ရာခိုင်နှုန်း တိုးတက်မှုအဖြစ် တန်ချိန်ပေါင်း ၃၂.၃၃ သန်း တင်သွင်းခဲ့တာပါ။ တရုတ်နိုင်ငံဟာ ရေနံစိမ်းကိုတော့ အရှေ့အလည်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေးဗီယျ၊ အီရန်တို့လို နိုင်ငံတွေကနေ အဓိက တင်သွင်းတာဖြစ်ပြီး သဘာဝဓါတ်ငွေ့ကိုတော့ သြစတြေးလျ၊ အင်ဒိုနီးရှား၊ မလေးရှားတို့လိုနိုင်ငံတွေကနေ LNG သင်္ဘောတွေနဲ့ တင်သွင်းတာရှိသလို မြန်မာအပါအဝင် တခြား အာရှအလယ်ပိုင်းနိုင်ငံတွေကနေ ပိုက်လိုင်းတွေနဲ့ ဝယ်ယူတာလဲရှိပါတယ်။ ပဲပိစပ်ကိုတော့ ဘရာဇီးနိုင်ငံက အဓိကတင်သွင်းသူအဖြစ်နေရာယူထားပြီး ဒီလေးလမှာ တန်ချိန် ၂၄.၅၁ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CTGN

%d bloggers like this: