0

ရွေ့ပြောင်းအလုပ်သမားတွေ အချိန်မီမရောက်ပါက ကနေဒါနဲ့ အမေရိကန်ရှိ သီးနှံစိုက်ခင်းများ ရိတ်သိမ်းချိန်နောက်ကျပြီး ပျက်စီးဖွယ်ရှိ

Share

          ကနေဒါနဲ့ အမေရိကန်က သီနှံစိုက်ခင်းတွေဟာ ထွက်ရှိသမျှသီးနှံတွေ ရိတ်သိမ်းခူးဆွတ်ဖို့အတွက် နိုင်ငံရပ်ခြားက အလုပ်သမားတွေကို အားထားနေခဲ့ရတာကြာပါပြီ။ လူပင်ပန်းသလို နေ့စားခလည်း နည်းတဲ့အတွက် သူတို့နိုင်ငံကအလုပ်သမားတွေ ဝင်မလုပ်တဲ့ ဒီကွက်လပ်ကြီးဟာ အခုဆိုရင်တော့ ကိုရိုနာကပ်ရောဂါကြောင့် အခက်အခဲကြုံနေရပါပြီ။ အလုပ်သမားတချို့ဟာ ယာယီခရီးသွားကန့်သတ်မှုတွေကြောင့် ရောက်တာနောက်ကျနေသလို ရောက်လာခဲ့တဲ့ သူတွေဟာလည်း ၁၄ရက်စောင့်ကြည့်ခံနေရလို့ အလုပ်တွေ နှောင့်နှေးနေပါတယ်။
          ကနေဒါနိုင်ငံဟာ သူတို့သီးနှံစိုက်ခင်းတွေအတွက် ၁နှစ်ကို အလုပ်သမားပေါင်း ၆သောင်းလောက်လိုအပ်ပြီး အများစုက တောင်အမေရိက ကသူတွေ များပါတယ်။ အမေရိကန်ကတော့ ယာယီအလုပ်သမားပေါင်း ၂သိန်းခွဲလောက် လိုအပ်ပြီး သူဆီလာတဲ့သူတွေကတော့ မက္ကစီကိုလူတွေဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ မက္ကစီကိုဘက်က ဝင်လာမဲ့အလုပ်သမားတွေကို ဗီဇာဖြေလျော့ပေးဖို့စဉ်းစားနေပြီး ပြည်ဝင်တဲ့နေရာမှာ ဆေးစစ်တဲ့နေရာတွေပါလုပ်ပေးဖို့စီစဉ်နေပါတယ်။
          ကနေဒါနိုင်ငံ၊ အွန်တယ်ရီယိုပြည်နယ်က တောင်သူတစ်ဦးကတော့ လာမဲ့ဧပြီလလယ်မှာ သူ့ဆီလာနေကြ ဂျမေကာအလုပ်သမားတွေ မရောက်လာခဲ့ရင် သူ့ကညွတ်စိုက်ကွင်းတွေ ရိတ်ဖို့အချိန်မီမှမဟုတ်တော့ဘူးလို့ ပြောကြားပါတယ်။ သူကတော့ သူ့စိုက်ခင်းတွေပျက်စီးတာဟာ နိုင်ငံရဲ့ စားသောက်ကုန်ထုတ်လုပ်မှု ထိခိုက်သွားတာပဲလို့ယူဆပါတယ်။ တခြားတောင်သူတစ်ဦးကတော့ ပန်းသီးခြံပိုင်ရှင်ဖြစ်ပြီး ကာရီဘီယံဘက်ကသူ့အလုပ်သမားတွေကတော့ ကနေဒါကိုရောက်ရှိနေပါပြီ။ ဒါပေမဲ့ ၁၄ရက်စောင့်ကြည့်ခံနေရပြီး အဲဒီအချိန်မှာလည်း နေ့စားခကို သူကပေးနေရပါတယ်။ သူကတော့ ပန်းသီးတွေက ခူးရမဲ့အချိန်ရောက်နေပေမဲ့ သူ့အလုပ်သမားတွေတစ်ယောက်ကမှ အပင်ကိုမထိရသေးပါဘူး။ ဒါပေမဲ့ သူ့အိပ်ကပ်ထဲက ၁၄ရက်စာ လုပ်အားခတွေကတော့ထွက်သွားပါပြီ။ ဒီနှစ်ကတော့ အမြတ်ရအောင်မနည်းပြန်လုပ်ရမဲ့နှစ်လို့ ညည်းတွားနေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters

%d bloggers like this: