တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ဗီယက်နမ်တွင် လျှပ်စစ်ကား အစိတ်အပိုင်းများထုတ်လုပ်ခြင်းနှင့် တပ်ဆပ်ခြင်းပြုလုပ်နိုင်သော စက်ရုံကို.တည်ဆောက်ရန်.ဆွေးနွေးနေကြောင်း.ဗီယက်နမ်အာဏာပိုင်များနှင့် BYD၏ တာဝန်ရှိသူတို့က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါစက်ရုံသည်.လျှပ်စစ်ကားအစိတ်အပိုင်းများကို ပိုမိုဦးစားပေး ထုတ်လုပ်သွားမည်ဖြစ်ပြီး ထွက်ရှိလာသည့် အစိတ်အပိုင်းများကို ထိုင်းနိုင်ငံရှိ BYD ကားစက်ရုံကြီးသို့လည်း တင်ပို့မည် ဖြစ်ကြောင်း သိရသည်။
BYD၏ ဥက္ကဋ္ဌ ဝမ်က ဗီယက်နမ်အစိုးရအနေဖြင့် ရင်းနှီးမြှပ်နှံမှု အစီအစဥ်များ အဆင်ပြေစေရန် ကူညီပေးလိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပြီး ယခု.ရင်းနှီးမြှပ်နှံမှု၏ ပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပါ။
ယခုကဲ့သို့ BYD၏ ကြေငြာချက်ကြောင့် ဗီယက်နမ်ပြည်တွင်း လျှပ်စစ်ကားကုမ္ပဏီဖြစ်သော VinFast အတွက်.ဖိအားများရှိလာမည်ဖြစ်ပြီး VinFast.သည် 2019 တွင် လျှပ်စစ်ကားများကို စတင်ထုတ်လုပ်ခဲ့ကာ လက်ရှိတွင် ဥရောပနှင့်အမေရိကန်စျေးကွက်ကို ထိုးဖောက်ရန် ကြိုးပမ်းနေချိန်ဖြစ်သည်။
အမေရိကန်သူဌေးကြီး ဝါရင်းဘတ်ဖတ်၏ ကုမ္ပဏီBerkshire Hethaway က. ရင်းနှီးမြှပ်နှံမှု များစွာပြုလုပ်ထားသည့် BYD သည် ထိုင်းတွင်.လျှပ်စစ်ကားစက်ရုံတည်ဆောက်မည့် အစီအစဉ်ကို ယမန်နှစ်က ကြေငြာခဲ့ပြီး.အဆိုပါ စက်ရုံပြီးစီးပါက တစ်နှစ် လျှင် လျှပ်စစ်ကားအစီးရေ တစ်သိန်းခွဲ ထုတ်လုပ်နိုသ်မည်ဟု သိရသည်။
BYD.သည် လက်ရှိတွင် ဗီယက်နမ်၌ အီလက်ထရရောနစ် ပစ္စည်းများ.တပ်ဆင်ထုတ်လုပ်ရေး စက်ရုံကို လည်ပတ်လျက်ရှိပြီး အဆိုပါ.စက်ရုံကိုပါ လျှပ်စစ်ကားထုတ်လုပ်ရေး ကွန်ရက်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း BYD၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : CNN, bloomberg
Photo : vir.com.vn