0

စင်ကာပူတွင် Bubble Tea ချစ်သူများကြောင့် Bubble Tea ဆိုင်များပိတ်ရန်အစိုးရညွှန်ကြား။

Share

Bubble tea ဟာ စင်ကာပူနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ လူကြိုက်များပြီး ရေပန်းစားတဲ့ အစားအသောက်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာတော့ အွန်လိုင်းမှလက်ခံရရှိတဲ့ များပြားလွန်းလှတဲ့ Bubble tea အမှာစာတွေရယ် ၊ဆိုင်မှာ ဝယ်ယူဖို့တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးကြောင့် စင်ကာပူအစိုးရက Bubble tea အရောင်းဆိုင်များကို အနည်းဆုံး ၂

ပတ်ထက်မနည်း ပိတ်ဖို့ကြေညာလိုက်ပါတယ်။
အာဏာပိုင်တွေက စင်ကာပူနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူအရေအတွက်ပေါ်မူတည်ပြီး ဆိုင်ပိတ်သိမ်းမှုတွေဟာ ဂျွန်လထိ ကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျှော့ချရန်အတွက် social distancing ဆိုတဲ့ လူတဦးနှင့် တဦး အကွာအဝေးရှိရမည်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကိုလဲ ပိုမိုတင်းကြပ်ထားပါတယ်။

ဆိုရှယ်မီဒီယာများပေါ်တွင် Bubble tea ဝယ်ယူရန် လူတန်းရှည်ကြီးနဲ့အွန်လိုင်းအမှာစာများကြောင့် ပို့ပေးဖို့စောင့်ဆိုင်းနေတဲ့ Delivery သမားများစွာ Bubble tea ဆိုင်တိုင်းလိုလိုအရှေ့မှာ စုဝေးရောက်ရှိနေကြတဲ့ ဓါတ်ပုံတွေ ပျံ့နှံလာခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံနှင့် အခြားအာရှနိုင်ငံများမှာ ပေါ်ပြူလာဖြစ်နေတဲ့ သောက်စရာတမျိုးဖြစ်တဲ့ ပုလဲလဖ္ဘက်ရည်အား internet မှရှာဖွေသူ များစွာမြင့်တက်လာခဲ့ကြောင်း Google search enginge ၏ data များအရ သိရပါတယ်။

ယခုလို ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားချက်များကြောင့် Bubble tea ချစ်သူတို့က စိုးရိမ်ပူပန်မှုတွေကို Social Media တွေအပေါ်မှာ ရေးသားမျှဝေခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် အင်္ဂါနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၁၂၅ ဦးထိရှိနေပါတယ်။ စားသောက်ဆိုင်အများစုအား ဖွင့်ခွင့်ပေးထားပြီး ပါဆယ်ဝယ်ယူခြင်းနှင့် delivery services များအတွက်သာ ခွင့်ပြုပေးထားပါတယ်။ ဆံပင်ညှပ်ဆိုင်များအားပိတ်ခိုင်းထားပြီး အခြား အိမ်မွေး တိရစ္တာန် ပစ္စည်းအရောင်းဆိုင်နှင့် အဝတ်လျှော်လုပ်ငန်းကဲ့သို့သော ဆိုင်များအား ဖွင့်ခွင့်မပေးပဲ online business အနေနှင့်သာ လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရှိရပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: South China Morning Post
Photo: onlinetoday.com

%d bloggers like this: