ဗြိတိန်အခြေစိုက် ထိပ်တန်းရေနံကုမ္ပဏီကြီးဖြစ်တဲ့ BP ဟာ ကိုဗစ်-၁၉ကြောင့် ရေနံဈေးကွက် ထိခိုက်ခဲ့တာတွေကနေ ပြန်လည်နိုးထဖို့အတွက်ရယ်၊ ပြန်လည်ပြည်ြ့ဖိုးမြဲစွမ်းအင်ဏ္ဍတွေမှာ ပိုမိုအာရုံစိုက်လိုတဲ့ အတွက်ကြောင့်ရယ် သူ့ရဲ့ ဝန်ထမ်းအင်အား ၁သောင်းကျော်ကို လျော့ချမှာ ဖြစ်ကြောင်း ကြောငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီကြေငြာချက်မှာ BP ရဲ့ CEO ဘားနတ်လွန်နေးက ခုလျှော့ချမဲ့ဝန်ထမ်းအင်အားဟာ နိုင်ငံတကာရှိ BP ရုံးခွဲတွေ အပါအဝင် ကော်ပိုရေးရှင်းတစ်ခုလုံးရဲ့ ၁၅ရာခိုင်နှုန်းရှိပြီး အများစုကတော့ ရုံးပိုင်းဆိုင်ရာက ဝန်ထမ်းတွေဖြစ်မှာပါ။
နိုင်ငံတကာ ရေနံဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဧပြီတုန်းက ရေနံ၁စည်ကို ဒေါ်လာ၂၀အောက်ရောက်သွားခဲ့ပြီး ခုခါမှာတော့ ၁စည်ကို ၄၂ဒေါ်လာထိ ပြန်တက်လာနေပါတယ်။ ဒါပေမဲ့ မစ္စတာလွန်နေးကတော့ ဆီဈေးဟာ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေကို ကာမိဖို့ လိုအပ်တဲ့ ဈေးနှုန်းကို ခုထိမရောက်သေးဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ခုလို ဝင်ငွေနည်းနေတဲ့အချိန်မှာ ကုန်ကျစရိတ်တွေနဲ့ ထွက်ငွေတွေကများနေပြီး တစ်နေ့တစ်နေ့ကို သန်းနဲ့ချီပြီး အသုံးစရိတ်ပြနေတယ်လို့ သူကထပ်ပြောပါသေးတယ်။ ဒါ့အပြင် ကုမ္ပဏီက အကြီးတန်း စီမံခန့်ခွဲမှုအရာရှိတွေဟာ လာမဲ့ ၂၀၂၁ခုနှစ် မတ်လမတိုင်ခင်အထိ လစာတိုးမြှင့်ခံစားခွင့်တွေ ရရှိမှာမဟုတ်သလို ခု ၂၀၂၀အတွက် ပေးမဲ့ ဘောနပ်စ်ကိုလည်း ရုတ်သိမ်းလိုက်ဖို့ အခွင့်အလမ်းများနေပါတယ်။
BP ဟာဆိုရင် လာမဲ့ စက်တင်ဘာလမှာ ကုမ္ပဏီရဲ့ ပေါ်လစီတွေ၊ ဖွဲ့စည်းပုံတွေကို အကုန်အသစ်ပြန်ရေးဆွဲမှာဖြစ်ပြီး မကြာခင် စတင်တော့မဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စွမ်းအင်ထုတ်လုပ်မှု ပုံစံအတွက် အသင့်ပြင်ထားတာပဲ ဖြစ်ပါတယ်။ ကိုရိုနာကပ်ရောဂါကြီး မဖြစ်ခင်ကတော့ ကမ္ဘာ့ရေနံသုံးစွဲမှုဟာ ၂၀၄၀မှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိပြီး အဲ့နောက်မှာ လျှပ်စစ်ကားလိုမျိုး သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ နည်းပညာတွေ အစားထိုးမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ ခုခါမှာတော့ အရင်ခန့်မှန်းထားတာထက်စောပြီး ရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေ လျှော့ချဖို့ ပြင်ဆင်လာရတော့မှာပါ။မစ္စတာလွန်နေးကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကြွေးကြော်ထားတဲ့ ၂၀၅၀မှာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကို သုညဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မှာ သူတို့လည်း ပါဝင်ပူးပေါင်းမှာဖြစ်ပြီး ခုကတည်းက ရေနံလိုမျိုးရုပ်ကြွင်းလောင်စာကဏ္ဍအပြင် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ တွေကိုပါ တိုးချဲ့စမ်းသပ်နေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN
Photo: Anchorage Daily News