0

ကန်ဒေါ်လာ ၂၅ ဘီလျံဖိုး အကြွေးရပိုင်ခွင့်များ ပြန်လည်ရောင်းချပြီးနောက် အစိုးရထံမှ အထောက်အပံ့ယူတော့မည်မဟုတ်ဟု ဘိုးရင်းထုတ်ဖေါ်ပြောကြား

Share

ဘိုးရင်း လေကြောင်း ကုမ္ပဏီသည် သက်တမ်းတလျှောက် အကြီးဆုံး အကြွေးရပိုင်ခွင့် ပြန်လည်ရောင်းချခြင်း (Debt Sale)ကို လုပ်နိုင်ခဲ့ပြီးနောက် အမေရိကန် အစိုးရထံမှ အထောက်အပံ့ မျှော်ကိုးရှာဖွေတော့မည်မဟုတ်ဟု ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ (Selling Debt ပြုလုပ်ခြင်းသည် ဘိုးရင်း လေကြောင်းမှ ရစရာအကြွေးများကို တောင်းခံပိုင်ခွင့်အား အခြား Third Party အကြွေးတောင်း Agency သို့မဟုတ် အကြွေးတောင်းလုပ်ငန်းတစ်ခုသို့ ပြန်လည်ရောင်းချခြင်းဖြစ်သည်။ နောက်ဆောင်းပါးများတွင် အကျယ် တင်ပြသွားပါမည်။)
အဆိုပါ အကြွေးရပိုင်ခွင့် ရောင်းချခြင်း ကိစ္စများ၊ ငွေကြေးရှင်းတမ်းကိစ္စများကို လာမည့် မေလ ၄ ရက်နေ့တွင် အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘဏ္ဍာရေးဈေးကွက်အတွင်း အရင်းအနှီးများ ထပ်မံရှာဖွေစရာမလိုတော့ပဲ၊ ယခုအချိန်တွင် အစိုးရထံမှ အထောက်အပံ့ယူမည့် အစီအစဉ်မရှိတော့ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
ဘိုရင်းသည် ယခင်လက ယင်းကုမ္ပဏီကိုယ်တိုင်နှင့် ကုမ္ပဏီနှင့် ဆက်စပ် လုပ်ငန်းများဖြစ်သော General Electric, Spirit Aerosystems စသည့် လုပ်ငန်းကြီးများအတွက် ကန်ဒေါ်လာ ၆၀ ဘီလျံခန့် အကူအညီပေးရန် အစိုးရထံတောင်းဆိုခဲ့သည်။
သို့သော် ယခုအပတ်တွင် အကူအညီတောင်းခံရေးအစီအစဉ်များအားလုံး အဟောသိကံဖြစ်သွားပြီဖြစ်သည်။
ကုမ္ပဏီသည် ပထမသုံးလပတ်တွင် ငွေသား ၁၅.၅ ဘီလျံ ခန့် ကိုင်ထားနိုင်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အရေးပေါ်ကာလများတွင် Cash in hands များသည်သာ အရေးပါကြစမြဲဖြစ်သည်။
ဘိုးရင်း နှင့် ၎င်း၏ မဟာပြိုင်ဘက်ဖြစ်သော Airbus ကုမ္ပဏီတို့သည် ကပ်ဘေးကာလအတွင်း ဂျက်လေယာဉ်အမှာစာများ ဆုံးရှုံးခဲ့ရပြီးနောက် အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရသည်။
ဘိုးရင်းသည် ယမန်နှစ်ကုန်ပိုင်းက ဝန်ထမ်းအင်အား ၁၀% ခန့်ဖြစ်သော အလုပ်သမားဦးရေ ၁၆၀,၀၀၀ ခန့်လျှော့ချခဲ့ပြီး Dreamliner Boeing 787 အပါအဝင် လေယာဉ်ထုတ်လုပ်ရေးပိုင်းကိုလည်း လျှော့ချထားခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော 737 Max လေယာဉ်ပျက်ကျမှုကြောင့် ဘိုးရင်း ကုမ္ပဏီ၏ လေယာဉ်ထုတ်လုပ်ရေးအပေါ် များစွာထိခိုက်ခဲ့ပြီး ယခု ကပ်ဘေးရောဂါသည် ဒုတိယမြောက်ထိုးနှက်မှုလည်း ဖြစ်သည်။
အဆိုပါ ပျက်ကျမှုကြောင့် Boeing 737 Max အဝယ်တော်များဖြစ်သည့် Southwest Airlines ကဲ့သို့ ကုမ္ပဏီကြီးများက အမှာစာ ပယ်ဖျက်မှုများ ရှိခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ စီးပွားရေး သတင်းများကို Like & Share လုပ်ခြင်းဖြင့်သာ မျှဝေပေးပါရန်။
Orio Economics

Source: CNBC News, Boeing, Image: AFP via Getty Images (Jason Redmond)

%d bloggers like this: