ပြီးခဲ့သည့် ၂၀၁၉ မတ်လတွင် 737 Max ဒုတိယ အကြိမ် လေယာဉ်ပျက်ကျမှု အပြီး အဆိုပါ လေယာဉ်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရသည်။
လူစုစုပေါင်း ၃၄၆ ဦး သေဆုံးခဲ့သော လေယာဉ်ပျက်ကျမှု ၂ ခု အပြီးတွင် ဘိုးရင်း 737 Max အမှာစာ ဖျက်သိမ်းမှုများ မြင့်တက်လာခဲ့ပြီးနောက် ယခု ကိုဗစ်ကာလအခြေအနေက ဘိုးရင်း ကုမ္ပဏီကို ပိုမိုရုန်းကန်ရစေခဲ့သည်။
ဘိုးရင်းက အကြီးအကျယ်အကြပ်ရိုက်စေခဲ့သော ထိုအမျိုးအစား လေယာဉ်များ ပြန်လည်ထုတ်လုပ်မှု လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့သည်။
အသိအမှတ်ပြုလက်မှတ်များ ပြန်လည်ရရှိရန် ဆောင်ရွက်နေပြီး ကပ်ဘေးဖြစ်စဉ်များကြောင့် လိုအပ်သည်ထက်ကြန့်ကြာနေသည်ဟု ဆိုသည်။
အမေရိကန် လေကြောင်းစီမံအုပ်ချုပ်ရေးဌာန FAA (Federal Aviation Administration) က ဘိုးရင်း 737 Max မော်ဒယ်များကို Safety Certifying လက်မှတ်များထုတ်ပေးရန် ကိစ္စနှင့် ပက်သက်၍ လေကြောင်းလိုင်းက မှတ်ချက်မပေးခဲ့ပေ။
ဘိုးရင်းကုမ္ပဏီသည် လေယာဉ်အမှာစာများ လျော့နည်းသွားခြင်းကို ရင်ဆိုင်နေရသည့်အတွက် စရိတ်လျှော့ချရန် ပြင်ဆင်လျက်ရှိသည်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းက CEO ဖြစ်သူ Dave Calhoun ပြောကြားသည်မှာ ကုမ္ပဏီသည် ယခုအပတ်ထဲတွင် ပထမအသုတ်အနေဖြင့် ဝန်ထမ်း ၇၀၀၀ ခန့် လျှော့ချသွားမည် ဟု သိရသည်။
ကုမ္ပဏီသည် ဝန်ထမ်းစုစုပေါင်း ၁ သိန်း ၆ သောင်းခန့် ရှိသည်ဖြစ်ရာ လက်ရှိအခြေအနေတွင် ၁၀% ခန့် လျှော့ချရန် သတ်မှတ်ထားပြီးဖြစ်သည်။
737 Max ထုတ်လုပ်ရေးကို ဖြည်ဖြည်းချင်း ပြန်လည် စတင်သွားမည်ဖြစ်ပြီး ဘိုးရင်းရှိ အမှုဆောင်အရာရှိများ မူလဆွေးနွေးထားသည့်အတိုင်း ဖြည်းဖြည်းမှန်မှန်သာ တည်ဆောက်သွားမည်ဟု သိရသည်။
စတော့ ရှယ်ယာဈေးကွက်ပြန်လည်ဖွင့်လှစ်သည့် အချိန်တွင် ဘိုးရင်း၏ ဈေးနှုန်းများ ၄% ခန့် မြင့်တက်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, The New York Times, Macro Trends, Photo: BizJournal