ဘိုးရင်းက ဆီယက်တဲယ်ရှိ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို တနင်္လာနေ့တွင် ပြန်လည် စတင်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီ၏ ၁၇% ခန့်ရှိသော ဝန်ထမ်းအရေအတွက်ဖြစ်သည့် ဝန်ထမ်းပေါင်း ၂၇၀၀၀ ခန့်သည် လုပ်ငန်းခွင်တွင်းသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး၊ လုပ်ငန်းအတွင်းတွင် ကိုရိုနာကူးစက်မှု မရှိစေရန် တဦးနှင့် တဦးအကြား သတ်မှတ်အကွာအဝေးများ ထားရှိကာ ဆောင်ရွက်သွားမည်ဟု သိရသည်။
ကုမ္ပဏီသည် ပြီးခဲ့သည့် သုံးပတ်ခန့်က ဝါရှင်တန်မှ ထွက်ရှိလာသော လူအများအိမ်အတွင်း၌သာ နေရန် အမိန့်ကြောင့် ထုတ်လုပ်ရေးများ ရပ်နားထားခဲ့ပြီး တောင်ကယ်ရိုလိုင်းနားရှိ ဘိုးရင်း ၇၈၇ ကိုယ်ထည်များ ထုတ်လုပ်ရာ စက်ရုံကိုလည်း ယာယီပိတ်ထားခဲ့သည်။
ယခုကဲ့သို့ စက်ရုံများ ပြန်လည် လည်ပတ်ရာတွင် ဘိုးရင်းအနေဖြင့် မျက်နှာအုပ်များ၊ နှာခေါင်းစည်းများ အသုံးပြုရန် လိုအပ်ပြီး လုပ်ငန်းခွင်အတွင်း လူများ ခွာနေစေ၍ လုပ်ကိုင်ရန် အမှတ်အသားများ၊ ဆိုင်းဘုတ်များ၊ ဝန်ထမ်းများ အဝင်အထွက် စနစ်များ စသည်တို့ကို ကြပ်မတ်လုပ်ဆောင်သွားရမည်ဖြစ်သည်။
Photo:Boeing 737 max in Washington, Getty Images
ကူးစက်မှုဆက်လက်မဖြစ်စေရန် ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေကို အမြဲစစ်ဆေးသွားရမည်ဖြစ်ပြီး အလုပ်သမားများထဲမှ ကိုဗစ် ရောဂါရှိကြောင်းပေါ်ပေါက်လျှင် နောက်ခံရာဇဝင်လိုက်မှုများကိုလည်း လုပ်ဆောင်သွားရမည်ဖြစ်သည်။
ယခု လောလောဆယ်တွင် ဘိုးရင်းကုမ္ပဏီမှ ဝန်ထမ်း ၁၃၀ ထက်မနည်း ကိုဗစ်ကူးစက်ခံထားရသည်။
ဘိုးရင်း၏ စီအီးအိုဖြစ်သူ ဒေးဗစ် ကယ်ဟွန်းက ၎င်းတို့အနေဖြင့် ငွေလည်ပတ်နိုင်မှုကိုသာ ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ၏ အခွန်ငွေရငွေများ အမြဲတမ်း အမြင့်ဆုံးရရှိအောင် ကြိုးစားခဲ့သော လုပ်သား၊ ဝန်ထမ်းများကိုယ်စား ဂုဏ်ယူကြောင်း၊ ယခုနှစ်တွင် လေကြောင်းခရီးသွားကိစ္စများ သိသာစွာလျော့ကျသွားမည်ဖြစ်သော်လည်း ဖေါက်သည်များထံမှ လေယာဉ်ပြန်လည်ဝယ်ယူမည့် အချိန်အပေါ်သာ အာရုံစိုက်ထားကြောင်း ဆိုခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: cnbc, fortune, boeing