0

ဘိုးရင်း လေယာဉ်ကုမ္ပဏီကြီးက အရွယ်အစားကြီးမားသော လေယာဉ် ၃ စင်းလှူဒါန်းမည်

Share

ကိုရိုးနားဗိုင်းရပ်စ်ကိစ္စများတွင် အားသွန်ခွန်စိုက် ကူညီနိုင်ရေးအတွက် ဘိုးရင်း လေယာဉ်ကုမ္ပဏီက သာမန်ထက်အရွယ်အစားပိုမိုကြီးမားသော Dreamlifter အမည်ရှိ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး ၃ စင်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း အမေရိက အိမ်ဖြူတော်က ကြေငြာခဲ့သည်။ သမ္မတ ထရမ့်က ယခုလို ပါဝင်ကူညီမည့် လေယာဉ်ကြီးများ၏ လုပ်ဆောင်နိုင်ပုံများကို ဂုဏ်ယူပြောဆိုသွားခဲ့ပြီး အဆိုပါ Boeing 747-400LCF Dreamlifter များ ကယ်ဆယ်ရေးလုပ်ငန်း တာဝန်များ ထမ်းဆောင်လာမည်ကို ပြောကြားခဲ့သည်။
ဘိုးရင်း ၇၄၇-၄၀၀ LCF ခေါ် Large Cargo Freighter လေယာဉ်ကြီးများသည် ကမ္ဘာပေါ်ရှိ အကြီးဆုံး သယ်ယူပို့ဆောင်ရေး လေယာဉ်များထဲတွင် ပါဝင်ပြီး ယခုအခါ အကာအကွယ် မျက်နှာအုပ်များ၊ အသက်ရှူစက်များ၊ အခြား လိုအပ်သည့် ကျန်းမာရေး ထောက်ကူပစ္စည်းများကို သယ်ယူပို့ဆောင်တော့မည်ဖြစ်သည်။


ယခင်က အဆိုပါလေယာဉ်များကို လူစီးလေယာဉ်များ၏ တောင်ပံများသယ်ယူရန် ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ပါဝင်ကူညီလာခြင်းကြောင်း အစိုးရမှနေ၍ အာမခံ ချေးငွေအဖြစ်ထုတ်ပေးမည့် ၁၇ ဘီလျံ ချေးငွေကို ရရှိမည့် လုပ်ငန်းထဲတွင်လည်း ရည်ရွယ်ထားခြင်းခံလာရကြောင်း သိရသည်။

Boeing 747-400 LCF

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်၍ မျှဝေခြင်းဖြင့် ကျွန်တော်များ Orio Econ ကို ကူညီရန် မေတ္တာရပ်ခံပါသည်။
Orio Economics
source: bi, reuters, shutterstock

%d bloggers like this: