US အစိုးရက​ တရားစွဲဆိုခဲ့ပြီးနောက် ၂၄နာရီအတွင်း Binance မှ​ဒေါ်လာ​သန်း ၇၉၀​ခန့်​ ဝိုင်းဝန်း​ထုတ်ယူ

Share

ဒစ်ဂျစ်တယ်ငွေကြေးဖလှယ်မှု ဝဘ်ဆိုက်ဖြစ်သော Binance​ကို​ ယမန်နေ့က US အစိုးရမှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကြေငြာခဲ့​ပြီးနောက်​ ၂၄နာရီအတွင်း ဒေါ်လာသန်း၇၉၀ ခန့်.ရင်းနှီးမြှပ်နှံသူများက ပြန်လည်ထုတ်ယူခဲ့ကြောင်း သိရသည်။

အချက်အလက်​ကောက်ယူရေး​ကုမ္ပဏီ​ Nansen၏ ထုတ်ပြန်​ချက်အရ​ Binance​ မှ​ အများဆုံးအထွက်ပြခဲ့သည်မှာ ethereum coin များ​ အများဆုံး ဖြစ်ပြီး​ ဒေါ်လာ​ ၇၇၈.၆​သန်း​ခန့်​ အထွက်ပြခဲ့ကာ ၎င်းတို့၏ မိတ်ဖက် Binance.US မှ​လည်း ဒေါ်လာ​ ၁၃သန်းတန်ကြေးရှိ​ ethereum coin များ.အထွက်ပြခဲ့သည်။

US အစိုးရ​သည်​ Binance​ နှင့်.၎င်း၏ CEO​ ရှန်ဖိန်ကျိုး၊ သည့်အပြင် Binance.US​ ကိုပါ​ တရားစွဲဆိုထားခြင်းဖြစ်ပြီး​ အစိုးရ၏ ဘဏ္ဍာရေး​ဥပဒေများကို လက်တလုံးခြားပြုလုပ်ခဲ့ကြောင်း စစ်ဆေး​တွေ့ရှိရသဖြင့်ဟု ဖော်ပြထားသည်။

Binance​ အနေဖြင့်​ ဝဘ်ဆိုက်ပေါ်ရှိ ငွေကြေးဖလှယ်မှုပမာဏများကို အမှန်တကယ်ရှိနေသည်ထက် ဖောင်းပွအောင် ပြုလုပ်ခြင်း၊ ရင်းနှီးမြှပ်နှံသူများ၏ အတိုးများကို စာရင်းသီးခြားမခွဲထားဘဲ ကုမ္ပဏီ၏ အမြတ်ငွေဖြင့် ရောနှောခြင်း​ စသည့် အချက်အလက်​ပေါင်း​ ၁၃​ချက်ဖြင့် US အစိုးရက​Binance ကို​ တရားစွဲထားခြင်းဖြစ်သည်။

Binance​အနေဖြင့်​ အဆိုပါ​ တရားစွဲဆို​မှုအတွက်​ယမန်နေ့က.ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး US အစိုးရ၏ မေးခွန်းများနှင့် စစ်ဆေးမှုများကို တတ်အားသရွေ့ ပူးပေါင်းအဖြေရှာသွားမည်ဟု ဆိုထားပြီး platform၏ တည်မြဲရေးအတွက် အစွမ်းကုန်ချေပသွားမည်ဟုလည်း ထပ်လောင်းရေးသားထားသည်။

ကူးယူ​ဖော်ပြ​ခွင့်မပြုပါ။
Source: Reuters
Photo: The economic times

%d bloggers like this: