0

ဘီလ်ဂိတ်တို့ဇနီးမောင်နှံသည် ကပ်ရောဂါအတွက် နှစ်ပေါင်းများစွာကတည်းက အစားအသောက်များသိုလှောင်ထားခဲ့

Share

ဘီလ်ဂိတ်၏ ဇနီးဖြစ်သူ မီလင်ဒါဂိတ်သည် ကပ်ရောဂါ သို့မဟုတ် သဘာဝဘေးအန္တရာယ် တခုခု ကျရောက်လာပါက ကြိုတင်ကာကွယ်ရန်အတွက် သူမနှင့် ခင်ပွန်းဖြစ်သူ ဘီလ်ဂိတ်တို့သည် သူတို့၏မြေအောက်ခန်းထဲတွင် နှစ်ပေါင်းများစွာ အစားအသောက်များ စုဆောင်းသိမ်းဆည်းခဲ့ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ဘီဘီစီ၏ ရေဒီယို အင်တာဗျုးတခုတွင် ပြောခဲ့ပါတယ်။

“ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျွန်မတို့ ဒီအကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဥပမာ- သန့်ရှင်းတဲ့ သောက်ရေတွေမရှိတော့ရင်၊ ကမ္ဘာပေါ်မှာ အစာရေစာ ပြတ်လပ်သွားခဲ့ရင် ကျွန်မတို့ဘယ်ကိုသွားကြမလဲ? မိသားစုကိုဘာတွေလုပ်ပေးနိုင်မလဲ? စတာတွေပေါ့ လို့သူမက ဆိုသည်။ ဒါ့ကြောင့် ကျွန်မတို့ ဒီအတွက် စတင်ပြင်ဆင်သင့်ပြီလို့တွေးခဲ့တယ်။ ဒါ့ကြောင့်လဲ ကျွန်မတို့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ်။ ဥပမာ မြေအောက်ခန်းထဲမှာ အစားအသောက်တွေ သိမ်းဆည်းသိုလှောင်တာမျိုးပေါ့” လို့သူမကဆိုပါတယ်။

သို့သော် သူတို့ကြိုတင် မပြင်ဆင်ခဲ့တဲ့အရာက တခုပဲရှိပါတယ်။ အဲဒါကတော့ ကုသကာကွယ်ဆေးပဲဖြစ်ပါတယ်။ Covid-19 ဆိုတဲ့ကပ်ရောဂါကြီး ဖြစ်လာလိမ့်မယ်ဆိုတာကို သူမတို့တတွေ ကြိုတင်သိခဲ့ကြပေမဲ့ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်တဲ့ဆေးတော့ သူတို့မပြင်ဆင်နိုင်ခဲ့ပါဘူး။

“အိမ်မှာ ညတိုင်းလိုလို ကျွန်မတို့ပြောဖြစ်တဲ့အကြောင်းအရာက ကျွန်မတို့တတွေ ဘယ်လောက်ကံကောင်းသလဲဆိုတဲ့ စကားပါပဲ” လို့သူမက ဆိုပါတယ်။ “ကျွန်မတို့တတွေက ကျွန်မတို့ရဲ့အခွင့်ထူးကို နားလည်ပါတယ်။ ညရောက်လို့ စားပွဲမှာ ဝိုင်းထိုင်ပြီး ဆုမွန်ကောင်းတောင်းတဲ့အခါ ကျွန်မတို့တတွေဟာ အခြားမိသားစုတွေလို အစာစားရဖို့ ရုန်းကန်မနေရတဲ့အတွက် ဘယ်လောက်ကံကောင်းတယ်ဆိုတဲ့ အကြောင်းကို ထည့်သွင်းချီးမွမ်းပါတယ်” လို့သူမက ဆိုပါတယ်။

ဘီလ်ဂိတ်ဟာ နှစ်အနည်းငယ်မတိုင်မီက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကပ်ရောဂါကြီးအကြောင်း နှင့် ကမ္ဘာကြီးဟာ ထိုကပ်ရောဂါကြီးအတွက် အဆင်သင့်မဖြစ်သေးတဲ့အကြောင်း ၂၀၁၅ခုနှစ် TED Talk show မှာထုတ်ပြောပြီး ကြိုတင်သတိပေးခဲ့ပါတယ်။ ထို့အပြင် သေစေနိုင်ပြီး ကူးစက်တတ်သော ဗိုင်းရပ်စ်တုပ်ကွေး အကြောင်းကို Business Insider အတွက် ဆောင်းပါးအဖြစ် ရေးသားကာ ၂၀၁၇ မှာ ထပ်မံသတိပေးခဲ့ပါသေးတယ်။

Microsoft တည်ထောင်သူ ဘီလ်ဂိတ်ဟာ ဧပြီလအစောပိုင်းတွင် Financial Times ထံသို့ ယခုဖြစ်ပေါ်နေသော ဗိုင်းရပ်စ်နှင့် ပတ်သက်၍ လူအများစု၏တသက်တာတွင် အဆိုးရွားဆုံးသော ဖြစ်ရပ်ကြီးဟု ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြောခဲ့ပါတယ်။ ထို့အပြင် အချို့နိုင်ငံများ အနေဖြင့် International Database ကြီးတည်ဆောက်ကာ အချက်အလက်များတဦးနှင့်တဦး မျှဝေခြင်းဖြင့် ဗိုင်းရပ်စ်၏ မူလဇာတ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့အကြံပေးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တွင် Bill and Melinda Gates Foundation မှ ကုသဆေးရှာဖွေရန်အတွက် ဆေးသိပ္ပံပညာရှင်များအား အမေရိကန်ဒေါ်လာ သန်း၁၅၀ လှူဒါန်းကြောင်း ကြေငြာခဲ့ပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းဟာ ယခုအချိန်ထိ ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါအတွက် စုစုပေါင်း ဒေါ်လာ သန်း၂၅၀ထိ လှူဒါန်းပြီး ဖြစ်ပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Business Insider

%d bloggers like this: