0

ဝူဟန် Covid-19 ကြောင့် အင်ဒိုနီးရှားအပါအဝင် နိုင်ငံအတော်များများ၏ ဗဟိုဘဏ်များ အတိုးနှုန်းလျှော့ချရန်ပြင်ဆင်

Share

Photo: marketwatch

လက်ရှိဖြစ်ပွားနေဆဲဖြစ်သော အဆုတ်ရောင် ရောဂါကြောင့် နိုင်ငံများ ကူးသန်းရောင်းဝယ်ရေး နှေးကွေးလာခြင်း၊ နယ်စပ်ကုန်သွယ်ရေးများ ပြတ်တောက်လာခြင်း၊ စိစစ်ရမှုများကြောင့် ကြန့်ကြာလာခြင်း စသည့်ဖြစ်စဉ်များကြောင့် ကမ္ဘာအရပ်ရပ်ရှိ ကုန်သွယ်ဇုန်များ၊ trade blocs များ စီးပွားရေးနှေးကွေးလာမည်ဟု ခန့်မှန်းထားကြသည်။ အာဆီယံအတွင်းရှိ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိဖြစ်ပွားနေသည့် ကိစ္စများကြောင့် စီးပွားရေး တိုးတက်မှုနှုန်း 0.3 မှ 0.6 ထိ လျော့ကျသွားဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ အင်ဒိုနီးရှားဗဟိုဘဏ်ဖြစ်သည့် Bank Indonesia က အရေးပေါ် ဒါရိုက်တာအစည်းအဝေးများ ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်းရှိ လုပ်ငန်းများကို ကျားကန်ပေးရန် ဘဏ်တိုးများကို လျှော့ချရန် လုပ်ဆောင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် 5.3 Growth Rate ပုံမှန် တည်ရှိနေရာမှ စီးပွားရေးတိုးတက်နှုန်း 5.0 တွင် တောင့်ခံ၍ နိုင်ငံတွင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ထားသည်။ မူလအတိုးနှုန်း 5% ( ၅ ရာခိုင်နှုန်း- ၅ ကျပ်တိုး) မှ ယခုအခါ 4.75% သို့လျှော့ချထားသည်။
အဆိုပါ အတိုးနှုန်းလျှော့ချမှုများကြောင့် စီးပွားရေးအရ တောင့်ခံနိုင်မည်ဟု ယုံကြည်ထားခြင်းမှာ ယုတ္တိရှိပါသည်။ ဗဟိုဘဏ်အတိုးနှုန်းများ လျှော့ချပေးခြင်းဖြင့် နိုင်ငံအတွင်း လည်ပတ်နေသော ပုဂ္ဂလိကဘဏ်များမှလည်း Loan-to-Value (LTV) အချိုးအရ မော်တော်ယာဉ်များ၊ စက်ပစ္စည်းကိရိယာများနှင့် အဆောက်အဦတို့အပေါ် ငွေထုတ်ချေးပေးမှု ပိုမိုအဆင်ပြေလာမည်ဟု ခန့်မှန်းထားသည်။
အခြား လူမှုရေးရာ၊ အိမ်မှုကိစ္စများတွင်လည်း ဗဟိုဘဏ်အတိုးနှုန်း အပြောင်းအလဲ အနည်းငယ်ကြောင့် ဘဏ်တွင်းရှိငွေသားများထုတ်ယူသုံးစွဲမှုဖြစ်လာစေပြီး ဈေးကွက်အတွင်းသို့ ငွေလည်ပတ်မှုများ မလျော့ကျအောင် ဖန်တီးနိုင်မည်ဟု ယုံကြည်ထားသည်။
အဆိုပါ လုပ်ဆောင်ချက်တို့ အပြင် အင်ဒိုနီးရှားဗဟိုဘဏ်က အရံငွေလိုအပ်ချက် (the reserve requirement GWM) ကိုလည်း 5 % ထားရှိရာမှ ယခုအခါ 4.5% သို့ လျှော့ချခဲ့ပြီး နိုင်ငံအတွင်းရှိ ငွေလည်ပတ်နှုန်း၊ ငွေဖြစ်လွယ်မှုညွှန်းကိန်း ကျဆင်းမသွားစေရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတိုင်းရှိ ဗဟိုဘဏ်များသည် ငွေဖြစ်လွယ်မှုကင်းမဲ့သော (သို့မဟုတ်) ခက်ခဲသော ဈေးကွက်ဖြစ်လာခြင်းက အရံငွေ ထားရှိခြင်းကို လျှော့ချရခြင်းဖြစ်ကြောင်း ဂျာကာတာသတင်းစာမှလည်း ဖေါ်ပြထားပါသည်။
အင်ဒိုနီးရှား၏ ဗဟိုဘဏ်မှချမှတ်ထားသော ကိစ္စရပ်များ မျှော်လင့်ထားသလို ရုတ်တရက်ချက်ချင်း အကောင်အထည်ပေါ်လာဦးမည်မဟုတ်ကြောင်း၊ နိုင်ငံအတွင်းရှိချိတ်ဆက်ထားသော ဗဟိုဘဏ်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ ဘဏ်များသို့ စေလွှတ်ပြီးလျှင် အဆိုပါမူဝါဒများ စတင်ပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။

အခြားသတင်းများအရလည်း အမေရိကန်ဗဟိုဘဏ်က စီးပွားရေး နှေးကွေးမှု၊ အနည်းငယ်ကျဆင်းမှုကို ခံနိုင်ရန် အတိုးနှုန်းများ လျှော့ချပေးရန်ပြင်နေကြောင်း Economist က တင်ဆက်ထားသည်။ မိမိတို့အနေဖြင့် ဝူဟန် အဆုတ်ရောင်ပိုးကို မရပ်တန့်နိုင်သော်လည်း နိုင်ငံ့စီးပွားရေး ကို အနည်းငယ်မျှ သက်သာစေဖို့ အတိုးနှုန်းများကို လျှော့ချတော့မှဖြစ်ကြောင်း US Fed က ပြောကြားထားသည်ကိုတွေ့ရသည်။
အခြား ဝူဟန် အဆုတ်ရောင် ကူးစက်ရောဂါကြောင့် အတိုးနှုန်းလျှော့ချရန်ပြင်ဆင်နေသည့် နိုင်ငံများတွင် တောင်ကိုရီးယားလည်း ပါဝင်လာကြောင်းတွေ့ရှိရသည်။ တောင်ကိုးရီးယားအနေဖြင့် ပြီးခဲ့သည့် အပတ်အတွင်း ကူးစက်နှုန်း ၂ ဆကျော်တက်ခဲ့ခြင်းကြောင့် စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိသည်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့်လည်း အဆိုပါ ဝူဟန်နှင့်ပက်သက်သော ကိစ္စများကြောင့်ဖြစ်လာသော ငွေကြေးသဘောထားထုတ်ပြန်ချက်များကို  Central Bank Of Myanmar (Facebook Page with Official Website Address) တို့တွင် ထုတ်ပြန်ထားခြင်းမရှိသေးချေ။

 

 

 

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ Orio Economics

source: thejakartapost, tradingeconomics, marketwatch, ministry of commerce, ministry

%d bloggers like this: