အမေရိကန်အစိုးရက ဗြိတိန်လေကြောင်းကို ဒေါ်လာ ၁ သန်း ဒဏ်ရိုက်

Share

ကပ်ဘေးအတွင်း ပယ်ဖျက်သော လေယာဉ်ခရီးစဉ်များနှင့် အချိန်ပြောင်းလဲသော ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ခကို အချိန်မီ ပြန်အမ်းငွေ မပေးနိုင်မှုများကြောင့် အမေရိကန်ပို့ဆောင်ရေးဌာနက ဗြိတိန်လေကြောင်းလိုင်း British Airways ကို ဒေါ်လာ ၁.၁ သန်း ဒဏ်ရိုက်ခဲ့သည်။

ပို့ဆောင်ရေးဌာနက အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်ကြားစာပေါင်း ၁,၂၀၀ ကျော် ရရှိခဲ့သည်ဟု ဆိုသည်။
British Airways က မူ ယင်းထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့ပြီး အချိန်တိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

လေကြောင်းလိုင်းက ၂၀၂၀ မှ ၂၀၂၁ အတွင်း လက်မှတ်ခပြန်အမ်းငွေမရရှိသော ခရီးသည်များထံ ဒေါ်လာ သန်း ၄၀ ကျော် ပြန်အမ်းငွေ ပေးချေခဲ့ကြောင်း၊ ထို့ကြောင့် ယခု ပြစ်ဒဏ်အတွက် ကုမ္ပဏီက ဒေါ်လာ ၅ သန်းခွဲခန့်သာ ပေးဆောင်ရန် ကျန်ရှိတော့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကပ်ဘေးအတွင်း အဆင်မပြေဖြစ်ခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းနှင့် အစိုးရများ၏ ကန့်သတ်မှုများအပါအဝင် ကပ်ဘေးကြောင့် ထောင်နှင့်ချီသော ခရီးစဉ်များကို မတတ်သာ၍ ဖျက်သိမ်းခဲ့ရကြောင်း၊ ၎င်းတို့၏ ဖေါက်သည်များ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ပိုမိုစောင့်ဆိုင်းခဲ့ရသည်များအတွက် တောင်းပန်ကြောင်း ကြေညာခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Independent UK, BBC Business
Image: (Steve Parsons/PA) (PA Wire)

%d bloggers like this: