သြစတေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆင်က နောက်ထပ် အနည်းဆုံး သီတင်းပတ် ၄ ပတ်ခန့်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ရပ်တန့်နိုင်မည့် အစီအစဉ်များ မရှိသေးကြောင်း ပြောဆိုသွားခဲ့သည်။ ယခုအချိန်တွင် ပိုးစစ်ဆေးမှုများ ပိုမိုပြုလုပ်နေခြင်း၊ ထိတွေ့မိသူများရာဇဝင် လိုက်ခြင်း၊ ဒေသတွင်း ဖြစ်ပွားမှုများကို အလျင်အမြန် သိရှိရေး စသည်တို့ကိုသာ လုပ်နေရဆဲဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် နာရီပိုင်းအတွင်း (ကြာသပတေး နေ့လည်ပိုင်း) က ဝန်ကြီးချုပ်သည် သြစတေးလျသားတိုင်း ရှင်းရှင်းလင်းလင်းသိထားဖို့လိုသည်မှာ အခြေခံကန့်သတ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ နောက်ထပ် ရက်သတ္တ ၄ ပတ်အတွင်း အစီအစဉ်ပြောင်းလဲမှုများ ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ၆ လတာ အချိန်ကြာမြင့်မည့် ဗိုင်းရပ်စ်ကိစ္စနှင့်ပက်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားသည်ဟုဆိုသည်။
သြစတေးလျတွင် မတ်လအတွင်း အလုပ်လက်မဲ့နှုန်း ၅.၂ % သို့ မြင့်တက်လာခဲ့သည်။
လွှတ်တော်၏ ပုံမှန် အစည်းအဝေးများကို မေလတွင် စတင်မည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး သတ်မှတ်အကွာအဝေးခြားနား၍ လုပ်ဆောင်မည်ဖြစ်သည်။
ဝန်ကြီးချုပ်က နိုင်ငံအနေဖြင့် ပုံမှန်အနေအထားတခုကို ရောက်စေရန် ဖြည်းဖြည်း ရွေ့နေကြောင်း၊ မည်သည့် ကိစ္စများက အလုပ်ဖြစ်မည်ဆိုသည်ကို စမ်းကြည့်ရန် လိုကြောင်း ပြောကြားခဲ့သည်။
ကန်ဘာရာ တွင် လွှတ်တော် အမတ် အနည်းငယ်မျှဖြင့် ပုံမှန်အစည်းအဝေးများ ကျင်းပကြမည်ဖြစ်သည်။
Australia တွင် သတ်မှတ်ထားသော တဦးချင်းခွာနေရမည် အကွာအဝေးမှာ ၁.၅ မီတာ ဖြစ်သည်။ မိသားစုဝင် သို့မဟုတ် တအိမ်တည်းနေသည့် သူများသည် အဆိုပါအကွာအဝေးထက် နီး၍ နေနိုင်သည်။
မိမိတွင် ဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု ထင်လျှင် ဆေးရုံ၊ ဆေးခန်း မသွားရပါ။ ဆရာဝန်ကို ဖုန်းခေါ်ခြင်း၊ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်ဌာနသို့သာ ဖုန်းခေါ်ဆိုခြင်း ရှိရပါမည်။
ထိုသို့ခေါ်ဆိုရာတွင် အခက်အခဲများရှိသေးပါက သြစတေးလျ၏ အထူးသတင်းဌာန SBS တွင် ဘာသာစကား ၆၃ မျိုးနှင့် အချက်အလက်များရေးသားထားသည်ကို ဝင်ရောက်ဖတ်ရှုရမည်။ ဖုန်းကို 000 သို့ ခေါ်ဆိုနိုင်သည် (သြစတေးလျသားများအတွက်သာ)။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: sbs.com.au,