ဩဇီ အကြီးဆုံးနွားမွေးမြူရေးလုပ်ငန်းက နွားကောင်ရေတိုးချဲ့

Share

ဩစတေးလျနိုင်ငံ၏အကြီးဆုံး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီး AACo က လုပ်ငန်းအမြတ်ငွေ ဒေါ်လာ ၆၇.၄ သန်း ရရှိကာ ယမန်နှစ်ကထက် ၃၅% operating profit တိုးတက်ခဲ့ကြောင်း ယနေ့ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပြီး လုပ်ငန်း၏ နွားကောင်ရေ ပမာဏကိုလည်း ၁၃% တိုးမြှင့်နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။

Australian Agricultural Company (AACo) ၏ အမှုဆောင်ချုပ်ဖြစ်သူ ဒေးဗစ် ဟားရစ် (David Harris) က ယခုနှစ် ဇွန်လကုန်တွင် ပြီးဆုံးမည်ဖြစ်သော ဘဏ္ဍာရေးနှစ် ၂၀၂၃ – FY23 ရလဒ်မှာ လတ်တလောကာလအတွင်း အကောင်းဆုံး အခြေအနေ ၁ ခု ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံသူများသို့ ပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး အမဲသားများ ထုတ်လုပ်သော အမှတ်တံဆိပ်များထဲတွင် ပါဝင်နေစေရန် သေချာအောင်လုပ်ဆောင်ခဲ့ပြီး အမြတ်ငွေနှင့် ဝင်ငွေကို ၁၄% တိုးတက်အောင် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
နွားအကောင်ရေ မွေးမြူမှုကိုလည်း ၁၃% တိုးမြှင့်နိုင်ခဲ့သဖြင့် လက်ရှိတွင် ကုမ္ပဏီ၌ နွားကောင်ရေ စုစုပေါင်း ၄၃၂,၉၂၆ ကောင် ရှိလာပြီဟု သိရသည်။

AACo ကုမ္ပဏီ၏ မြောက်အမေရိကဈေးကွက်မှ ဝင်ငွေရရှိမှုမှာ ၂၂% တိုးတက်လာသည်ဟု ထုတ်ပြန်ခဲ့သည်။
ဩဇီကုမ္ပဏီသည် စွမ်းအင်ကဏ္ဍတွင်လည်း နာမည်ကောင်းရရှိနေပြီး ၎င်းတို့လုပ်ငန်းနေရာများ၏ သုံးရေစနစ်တွင် ၆၂% ကို ဆိုလာ – နေရောင်ခြည်စွမ်းအင်ဖြင့် လုပ်ငန်းလည်ပတ်နေသည်ဟု ဆိုသည်။
၂၀၂၄ တွင် ဆိုလာစွမ်းအင်ဖြင့် အဆိုပါ bores များ အားလုံးကို အသုံးပြုနိုင်ရန် ရည်မှန်းနေသည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia, AACO AU, Reckon, Boreplace Org
Image: CSIRO

%d bloggers like this: