နျူကလီးယားဗုံးထုတ်လုပ်ခဲ့သည့်ဆိုက်များ၌ အကြီးဆုံးဆိုလာပရောဂျက်များ ဖော်ဆောင်မည်

Share

အမေရိကန်၏ အကြီးဆုံးဆိုလာနှင့် အခြားသန့်စင်စွမ်းအင် (clean energy) ပရောဂျက်များကို စစ်အေးကာလ နျူကလီးယားဗုံးများ ထုတ်လုပ်ခဲ့သည့်နေရာများတွင် အကောင်အထည်ဖော်ဆောင်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့်သောကြာ‌နေ့က ပြောကြားခဲ့သည်။

ပြည်နယ် ၅ခု၏ စုစုပေါင်း မြေဧက ၇၀,၀၀၀ ပေါ်တွင် နေရောင်ခြည်၊ လေနှင့် နျူကလီးယားပါဝါ စသည့် သန့်စင်စွမ်းအင်များကို နိုင်ငံတော်အတွက် အကောင်အထည်ဖော်သွားမည်ဟု စွမ်းအင်ဌာန အတွင်းရေးမှူး Jennifer Granholm က ဝါရှင်တန် ဒီစီရှိ ရုံးချုပ်၌ပြုလုပ်သော အခန်းအနားတွင်ပြောကြားခဲ့သည်။ Granholm သည် သမ္မတဂျိုးဘိုင်ဒန်၏ သန့်စင်စွမ်းအင်ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် တာဝန်ရှိသူတစ်ဉီးဖြစ်ပြီး ဘိုင်ဒန်အစိုးရ၏ စွမ်းအင်ပိုင်းဆိုင်ရာရည်မှန်းချ်များကို ၂၀၃၅ တွင်ပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်စွမ်းအင်ဝန်ကြီးက ဖော်ဆောင်မည့် ပရောဂျက်များမှာ –
-Hanford Site, Richland, Washington

-Idaho National Laboratory, Idaho Falls, Idaho

-Nevada Nuclear Security Site, Nye County, Nevada

-Savannah River Site, Aiken, South Carolina

-Waste Isolation Pilot Plant, Carlsbad, New Mexico တို့ဖြစ်သည်။

အမေရိကန်အစိုးရသည် ၁၉၄၀ ခုနှစ်တွင် နျူကလီးယားဗုံးအတွက် ပလူတိုနီယမ်နှင့် ယူရေနီယမ်တို့ထုတ်လုပ်ရန် Hanford နှင့်အခြားစက်ရုံများ ဆောက်လုပ်ခဲ့သည်။ ယခုအချိန်တွင် နျူထုတ်လုပ်ခဲ့သည့် Hanford ကိုဖြိုချခဲ့ပြီးဖြစ်သော်လည်း ရေဒီယိုသတ္တုကြွ စွန့်ပစ်ပစ္စည်းနှင့် အခြားညစ်ညမ်းပစ္စည်းများ ကျန်ရစ်ခဲ့သောကြောင့် ‌‌ဒေါ်လာ ဘီလီယံပေါင်းများစွာကုန်ကျခဲ့သည်။ ယခုအခါယင်းမြေနေရာများကို ပြန်လည်အသုံးပြုရန် စိတ်ချလုံခြုံမှု ရှိနေပြီဟု Granholm ကထည့်သွင်းပြောကြားခဲ့သည်။

ကူးယူ‌ေဖာ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: getty images

%d bloggers like this: