0

ဂျပန်ဘီယာ Asahi က သြစတေးလျမှ ယမကာလုပ်ငန်းကိုအပြီးသတ်ဝယ်ယူရန် ဒေါ်လာ ၁၁ ဘီလျံ ချေးယူ

Share

ဂျပန်ဘီယာထုတ်လုပ်ရေးကုမ္ပဏီကြီး Asahi Group Holdings သည် ဆူမီတိုမို မစ်ဆုအိ ဘဏ် (Sumitomo Mitsui Banking Corporation) ထံမှ ယန်း ၁.၁၉ ထရီလျံ (ကန်ဒေါ်လာ ၁၁ ဘီလျံ) ကို ချေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထပ်မံချေးယူမည့် ငွေဖြင့် သြစတေးလျ ယမကာလုပ်ငန်း Anheuser-Busch InBev ကို အပြီးသတ်ဝယ်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ တွင် AB (Anheuser-Busch) ကုမ္ပဏီသည် သြစတေးလျ ဒေါ်လာ ၁၆ ဘီလျံဖြင့် ဂျပန်လုပ်ငန်းသို့ ရောင်းချရန် သဘောတူညီခဲ့ပြီးဖြစ်သည်။
AB InBev သည် ကမ္ဘာ့အကြီးဆုံး ယမကာလုပ်ငန်းကြီးဖြစ်သလို အကြွေးစာရင်းများလည်း တိုးလာလျက်ရှိသည်။
၂၀၁၈ ခုနှစ်တွင် အသားတင် အကြွေးသည် ကန်ဒေါ်လာ ၁၀၂.၅ ဘီလျံသို့ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် ၎င်း၏ သြစတေးလျရှိ လုပ်ငန်း အပိုင်းကို ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
EBITDA စည်းမျဉ်းများအရ AB InBev သည့် ရှိသင့်သည့် အကြွေးပမာဏထက် ၄ ဆမျှ ပိုမိုများပြားနေခြင်းဖြစ်ပြီး၊ ၎င်းကုမ္ပဏီ၏ အကြွေးများကို ၂၀၂၀ တွင် လျှော့ချရန် သတ်မှတ်ထားခြင်း ခံထားရပြီးဖြစ်သည်။
တနင်္လာနေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ ဂျပန် အဆာဟိ ယမကာလုပ်ငန်းသည် ဆူမီတိုမို ဘဏ်မှ ငွေချေးရန် သဘောတူညီမှု ရထားပြီဟု သိရပြီး ထပ်တိုးချေးယူနိုင်သော ပမာဏကိုလည်း ယန်း ဘီလျံ ၃၀၀ အထိ တိုးမြှင့်နိုင်ခဲ့သည်ဟု သိရသည်။
အဆာဟိ (Asahi) သည် မူလ စီစဉ်ထားသည့် အတိုင်း သြစတေးလျ ဘီယာလုပ်ငန်းကို ပထမ ၃ လပတ်အတွင်း အပြီးသတ်ဝယ်ယူရန် ကြိုးစားခဲ့သော်လည်း ယခု ကိုဗစ်ကာလအတွင်း နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့ပြီး ယခုအခါတွင်လည်း သြစတေးလျအာဏာပိုင်များထံမှ ခွင့်ပြုမိန့် စောင့်ဆိုင်းနေရဆဲဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေမှာ ကမ္ဘာအရပ်ရပ်စုစုပေါင်း ၅ သန်းခန့်ရှိလာခဲ့ပြီး နိုင်ငံများအကြား ဝင်ထွက်သွားလာခွင့်များပိတ်ထားဆဲဖြစ်သည်။
ယခုလထဲတွင် သြစတေးလျနှင့် နယူးဇီလန် ၂ နိုင်ငံကြား ခရီးသွားလာမှုပြန်လည်စတင်ရန် သဘောတူထားကြသည်။
လုပ်ငန်း အပြီးသတ်ဝယ်ယူမှုနှင့်ပက်သက်၍ ဇွန်လ ၁ ရက်နေ့တွင် ကိစ္စများ အပြီးသတ်မည်ဟု အဆာဟိက ကြေငြာခဲ့သည်။
Asahi Group Holdings သည် ဂျပန်ရှိ အကြီးဆုံး ယမကာလုပ်ငန်းကြီး ၄ ခုတွင် ပါဝင်၍ ဈေးကွက်ဝေစု ၃၇% ရှိသည်။
၎င်း၏ နောက်တွင် Kirin Beer က ၃၄% ဖြင့် ရပ်တည်လျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: South China Morning Post, CNBC News, The Sydney Morning Herald, Image: Ozawa Canada

%d bloggers like this: