0

အာဂျင်တီးနားက တရုတ်သွင်းကုန်များကို ဒေါ်လာအစား​ ယွမ်ဖြင့်ပေးချေမည်

Share

နိုင်ငံ၏ လျော့နည်းလာသော​ နိုင်ငံခြားအရန်ငွေကို​ ထိန်းသိမ်း​နိုင်ရန်အတွက်​ တရုတ်နိုင်ငံမှတင်သွင်းသော သွင်းကုန်များကို ယွမ်ဖြင့်သာပေးချေတော့မည်ဖြစ်ကြောင်း​ အာဂျင်တီးနားအစိုးရက​ ပြီးခဲ့သည့် ဗုဒ္ဓဟူး​နေ့တွင်​ ကြေငြာခဲ့သည်။

 

ယခုဧပြီလတွင် ပေးချရမည်ဖြစ်သော​ သွင်းကုန်​တန်ဖိုး​ဒေါ်လာ​ 1 ဘီလီယံ​ခန့်ကို ယွမ်ဖြင့် စတင်ပေးချေမည်ဖြစ်ပြီး​ လာမည့်လများတွင်.လစဥ်ကုန်ကျနိုင်ဖွယ်ရှိသည့်​ ဒေါ်လာ​ သန်း​၇၉၀ ခန့်ကိုလည်း ယွမ်ဖြင့်​ ဆက်လက်ပေးချေသွားမည်ဖြစ်ကြောင်း​ အစိုးရ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

အဆိုပါဆုံးဖြတ်ချက်ကို ကဏ္ဍပေါင်းစုံရှိ​ စီးပွားရေးလုပ်ငန်းရှင်များနှင့်​ ဆွေးနွေး​ခြင်း၊ အာဂျင်တီးနားရှိ​တရုတ်သံအမတ်ကြီးနှင့် ဆွေးနွေးမှုများအပြီးတွင်​ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အာဂျင်တီးနား စီးပွားရေး​ဝန်ကြီး​ကဆိုသည်။

 

ယခုနှစ်တွင် စံချိန်တင်မိုးခေါင်မှုများ​ကြောင့် အာဂျင်တီးနား၏ ဓါတ်မြေသြဇာတင်ပို့မှုကဏ္ဍ ကျဆင်းနေပြီး နိုင်ငံခြားဝင်ငွေရရှိမှုလျော့နည်းနေကာ​ ရွေးကောက်ပွဲကျင်းပမည့်နှစ်ဖြစ်သောကြောင့် နိုင်ငံရေး​မတည်ငြိမ်မှုများလည်း ဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့​ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း​ စီးပွားရေးပညာရှင်များက သုံးသပ်သည်။

 

တရုတ်​နိုင်ငံ​ဘက်တွင်လည်း နိုင်ငံဖြတ်ကျော် ငွေလွှဲပေးချေမှုများ၌ ယွမ်ဖြင့်လွှဲပြောင်းမှုပမာဏသည် ယမတ်လတွင် ဒေါ်လာထက်ကျော်လွန်သွားခဲ့ပြီး သမိုင်းတလျောက်တွင် ပထမဆုံး​အကြိမ် ဖြစ်ခဲ့သည်။

 

ရိုက်တာသတင်းဌာန၏ တွက်ချက်မှုအရ မတ်လတွင် လွှဲပြောင်းပေးချေခဲ့သော​ ယွမ်ပမာဏသည်​ ဒေါ်​လာ​ ၅၄၉.၉​ ဘီလီယံ​ အထိရှိခဲ့ပြီး ပြီးခဲ့​သည့်လ ပမာဏဖြစ််သော​ ဒေါ်လာ​ ၄၃၄.၆​ ဘီလီယံ​ကို.များစွားကျော်လွန်ခဲ့ခြင်းဖြစ်သည်။

 

တရုတ်အာဏာပိုင်များအနေဖြင့်​ နိုင်ငံတကာတွင်​ ယွမ်အသုံးပြုမှု.မြင့်တက်လာစေရန် ပန်းတိုင်ထားကြိုးပမ်းလျက်ရှိပြီး​ ယခုထွက်ပေါ်လာသော.ကိန်းဂဏန်း​များအရ​ အဆိုပါ.ကြိုးပမ်းမှုကို သိသာစေခဲ့သည်။

 

ကူးယူ​ဖော်ပြခွင့်မပြုပါ။

Source: Reuters

Photo: Investopedia

 

 

 

 

 

%d bloggers like this: