0

Apple ဈေးကွက်တန်ဖိုး ၂ ထြီလျံဖြစ်လာဖို့ ၂၀%သာ လိုတော့

Share

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် Apple ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ Developer conference (WWDC) တွင် Apple ၏ထုတ်ပြန်ချက်များကို Wall Street ကသဘောကျနှစ်ခြိုက်လျက်ရှိသည်။

iOS 14 နှင့် အခြား features အသစ်များမိတ်ဆက်ပွဲ အခမ်းအနားပြီးဆုံးပြီးနောက် အနည်းဆုံး analyst ၇ ဦးက Apple စတော့ဈေးနှုန်းများကို မြှင့်တင်ပေးခဲ့ပြီး သူတို့ထဲမှ လူအချို့သည်ပင်လျှင် သူတို့၏ target ကို ရှယ်ယာတစောင်လျှင် ဒေါ်လာ ၄၀၀ ထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

Apple (AAPL) ၏ရှယ်ယာများသည် အင်္ဂါနေ့တွင် ၂% တက်လာခဲ့ပြီး ဒေါ်လာ ၃၆၄ ရရှိခဲ့ကာ တနှစ်ပတ်လုံးတွင် ၂၅% တိုးတက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရှယ်ယာဈေးများတက်လာခဲ့ခြင်းက Apple ၏ဈေးကွက်တန်ဖိုး (market capitalization) ကို ဒေါ်လာ ၁.၆ ထြီလျံနီးပါးထိ ရောက်ရှိလာစေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၀ Dow တွင် အကြီးဆုံး ပြိုင်ဖက် Microsoft (MSFT) ပြီးလျှင် ဒုတိယ performance အကောင်းဆုံး ကုမ္ပဏီလဲဖြစ်သည်။

အကယ်၍ Apple ရှယ်ယာများ နောက်ထပ် ၂၀% တက်လာလျှင် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၂ထြီလျံသို့ရောက်ရှိမည်ဖြစ်သည်။ ထိုသို့ဖြစ်ရန် ရှယ်ယာဈေးနှုန်းက ဒေါ်လာ ၄၆၁.၈၉ ဖြစ်ရန်လိုအပ်သည်။ သို့သော် ထိုနေရာသို့Apple ကမကြာခင်ရောက်ရှိနိုင်မည်လား ?

WWDC ပြီးဆုံးခဲ့သော်လည်း Apple ရှယ်ယာများက ယခုနှစ်တက်လာခဲ့တဲ့ရှယ်ယာတန်ဖိုးတွေထက် နောက်ထပ် အများကြီးထပ်တက်လာဦးပါ့မလား ဆိုတာကို analyst များစွာက သံသယရှိနေကြသည်။
39 Wall Street ရှိ analysts များ၏ consensus target price သည် ဒေါ်လာ ၃၄၃ ရှိပြီး အင်္ဂါနေ့ဈေးနှုန်းထက် ၆% ကျဆင်းခဲ့သည်။

Apple အတွက်အမြင့်ဆုံး target price သည် ဒေါ်လာ ၄၁၀.၆၀ ဖြစ်သည်ဟု China Renaissance Securities Analyst ဖြစ်သူ Jason Sun ကဆိုသည်။

Apple ကအဆိုပါ targets များရောက်ရှိနိုင်ပါ့မလားကို သံသဝင်မှုများရှိခဲ့သော်လည်း ယခုလက်ရှိအခြေအနေများဖြင့် ကုမ္ပဏီက အဆိုပါသံသယများကို သက်သေပြသွားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business
Photo: Thestreet

%d bloggers like this: